iMyanmarHouse.com - Best Property Website for Myanmar
×










ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီ ဘာသည် မတ်လ ၁ ရက်တွင် ကာရစ်ဘီယန်ကျွန်းတစ်ကျွန်းကို ငှားရမ်း၍ အသက် (၂၁)နှစ်ပြည့် မွေးနေ့ပါတီကျင်းပခဲ့သည်။

ဂျပ်စတင်ဘီဘာသည် ဂရီ နားဒါးကျွန်းနိုင်ငံအနီးရှိ ကျွန်း တစ်ကျွန်း၌ ကျော်ကြားသူမိတ် ဆွေများနှင့်အတူ အသက် (၂၁) နှစ်ပြည့် မွေးနေ့ပွဲကျင်းပခဲ့သည် ဟု TMZ သတင်းက ဖော်ပြသည်။ မွေးနေ့ပွဲတွင် ဂျပ်စတင်ဘီဘာ သည် အဆိုတော် 50 Cent ၏ In Da Club သီချင်းဖြင့် အင်္ကျီမပါဘဲ ကခုန်နေသည့် ဗီဒီယိုကို မီဒီ ယာများက ဖော်ပြကြသည်။ မွေး နေ့ပွဲ၌ ၎င်း၏ သူငယ်ချင်းများ နှင့် ပျော်မြူးနေကြောင်း   ရိုက် ကူးထားသည့် အဖြူအမည်းဓာတ် ပုံများစွာကို လူမှုမီဒီယာ၌ ဖော်ပြ ခဲ့သည်။

မတ်လ ၁ ရက်တွင် အသက် (၂၁)နှစ်ပြည့်သည့် ဂျပ်စတင်ဘီ ဘာက ၁၉၆၅ ခုနှစ်ထုတ် Lincoln Continental ဂန္ထဝင်မော်တော် ကားကို သူငယ်ချင်းများဖြစ်သော ဂျွန်နှင့် ဆမ်မီရှာဟီဒီညီအစ်ကိုထံ မှ မွေးနေ့မတိုင်မီ လက်ဆောင် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် Instagram စာမျက်နှာ ၌ ဖော်ပြခဲ့သည်။

၂၀၀၈ မှစ၍ ကမ္ဘာကျော် ပေါ့ပ်စတား    ဖြစ်လာခဲ့သော ဂျပ်စတင်ဘီဘာသည် ယခင်က မှားယွင်းခဲ့သည့် အပြုအမူများ အတွက် မကြာသေးမီက လူသိရှင်ကြားတောင်းပန်ခဲ့ပြီး အနုပညာ လုပ်ငန်းများ ပြန်လည်သက်ဝင် စေမည်ဟု ကတိပေးခဲ့သည်။
 
Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top