iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန် အဆိုတော် ဘရစ်တနီစပီးယားက အယ်လ်ဘမ်သစ်ကို ဖြည်းဖြည်း သာ ကြိုးစားလုပ်ဆောင်နေ ကြောင်းနှင့် အလောတကြီး အယ်လ်ဘမ်သစ်ထွက်ရှိရန် အစီ အစဉ်မရှိကြောင်း ဘေလ်ဘုတ် မဂ္ဂဇင်းနှင့် အင်တာဗျူး၌ ပြော သည်။

ဘရစ်တနီစပီးယားသည် ၂၀၁၃ တွင် Britney Jean အမည်ရ စတူဒီယိုအယ်လ်ဘမ်ထွက်ရှိခဲ့ ပြီးနောက် ပရိသတ်များက ၎င်း၏ သီချင်းသစ်များကို မျှော်လင့် စောင့်စားလျက်ရှိသည်။ ဘရစ် တနီစပီးယားက အယ်လ်ဘမ်သစ် ကို ဖြည်းဖြည်းသာစီစဉ်နေ ကြောင်းနှင့် အယ်လ်ဘမ်သစ် ထွက်ရှိရန် အစီအစဉ်ရှိကြောင်း ပြောကြားသည်။

Toxic သီချင်းအဆိုတော် ဘရစ်တနီစပီးယားသည် လက်ရှိ တွင် သားနှစ်ဦးကိစ္စများနှင့် အလုပ်များနေသည်ဟုလည်း ဘေလ်ဘုတ်မဂ္ဂဇင်းအား  ပြော ကြားသည်။
ယခုအချိန်၌ အယ်လ်ဘမ် သစ်ထွက်ရှိရေးမှာ ပထမဦးစား ပေးကိစ္စမဟုတ်ဟု ဘရစ်တနီစပီး ယားက ပြောသည်။

ဘရစ်တနီစပီးယား၏ မန် နေဂျာကလည်း တေးအယ်လ် ဘမ်သစ်ထက် တေးသီချင်းသစ် များထွက်ရှိရန်ကိုသာ အာရုံစိုက် နေသည်ဟု ထုတ်ဖော်ပြောကြား သည်။
ဘရစ်တနီစပီးယားသည် ၂၀၁၇ အထိ လာ့စ်ဗီးဂတ်စ်တွင် နေထိုင်မှုကိစ္စနှင့်ပတ်သက်၍ Planet Hollywood သူဌေးများနှင့်ဆွေးနွေးနေသည်ဟု   သိရ သည်။ လာ့စ်ပီးဂတ်စ်၌ပြုလုပ် သည့် ၎င်း၏ Piece of Me အစီ အစဉ်သည် ယခုနှစ်ကုန်တွင် စာ ချုပ်သက်တမ်းပြည့်မည်ဖြစ် သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top