iMyanmarHouse.com - Best Property Website for Myanmar
×














အွန်လိုင်းနှင့် လူမှုကွန်ရက်များတွင် အဖော်အချွတ်ဓာတ်ပုံများဖြင့် လူသိများလာသူတစ်ဦး ဖြစ်သည့် ဇွန်သဉ္ဇာသည် နိုင်ငံတော်သမ္မတပညာတော်သင်ဆုရေးဖြေစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ရာအောင်မြင်ခဲ့သည်။

ဇွန်သဉ္ဇာသည် မှော်ဘီနည်းပညာတက္ကသိုလ်မှ သုတနည်းပညာဘာသာရပ်ဖြင့် မာစတာဘွဲ့ ရရှိထားသူဖြစ်ပြီး ပါရဂူဘွဲ့ဆက်လက်တက်ရောက်နိုင်ရန် သမ္မတ၏ ပညာသင်ဆုရေးဖြေစာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်ဟု ဇွန်သဉ္ဇာက ပြောသည်။

‘‘တတိယအသုတ်အောင်စာရင်းမှာပါတာဆိုတော့ လူတွေ့စစ်ဆေးရမယ်။ ဘာတွေဆက်လုပ်ရ မယ်ဆိုတာကတော့ ဝက်ဘ်ဆိုက်တွေမှာဝင်ကြည့်ရဦးမယ်’’ဟု ၎င်းကပြောသည်။
ယင်းစာမေးပွဲကို မိခင်ဖြစ်သူ၏ တိုက်တွန်းချက်ကြောင့် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဖြေခါနီးအချိန်အထိ ဒွိဟဖြစ်နေသောကြောင့် စာမေးပွဲခန်းသို့ နောက်ကျမှရောက်ရှိခဲ့ကြောင်း အဆိုပါစာမေးပွဲဖြေဆိုဖြစ်ခဲ့သည့်အကြောင်းကို ပြောသည်။

‘‘လူတွေ့တော့သွားဖြေဦးမယ်။ နောက်ပိုင်းသွားဖြစ်၊ မသွား ဖြစ်ကတော့ မပြောတတ်သေးဘူး’’ဟု ဇွန်သဉ္ဇာက ပြောသည်။ နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၄,၈၈၀ ဦးရှိကြောင်း သတင်းရရှိသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top