iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ကင်ဆိုဟွန်း သည် SBS ရုပ်သံလိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲသစ် Sensory Couple ၌ ပါဝင်သရုပ်ဆောင် မည်ဟု အတည်ပြုလိုက်သည်။
ဆယ်ကျော်သက်သရုပ် ဆောင်မင်းသမီး ကင်ဆိုဟွန်း သည် Sensory Couple ဇာတ် လမ်းတွဲ၌ ခေါင်းဆောင်မင်းသား ပတ်ယူချန်း၏ညီမအဖြစ် သရုပ် ဆောင်သွားမည်ဟု ကင်ဆိုဟွန်း ၏ အေဂျင်စီက ပြောသည်။

Sensory Couple ဇာတ် လမ်းတွဲသည် Girl Who Sees Smell အွန်လိုင်းကာတွန်းကို အခြေခံရိုက်ကူးမည်ဖြစ်ပြီး ယင်း ဇာတ်လမ်းတွဲ၌ ပတ်ယူချန်းနှင့် ရှင်ဆယ်ဂျောင်းတို့က အဓိက ခေါင်းဆောင်များအဖြစ် သရုပ် ဆောင်မည်ဟု အတည်ပြုထား ပြီးဖြစ်သည်။

ယင်းဇာတ်လမ်းတွဲတွင် ကင်ဆိုဟွန်းက The Bar Code လူသတ်မှု၌ သေဆုံးခဲ့သူ ချွဲအွန် ဆူအဖြစ် သရုပ်ဆောင်မည်ဖြစ် သည်။ The Bar Code လူသတ် မှုဖြစ်ပွားပြီးနောက်တွင် ဇာတ် လမ်းတွဲထဲမှ အဓိက ဇာတ်ကောင် များ၏ အာရုံခံမှုစွမ်းရည်ပြောင်း လဲမှုများဖြစ်ပေါ်မည်ဖြစ်သည်။
ကင်ဆိုဟွန်းသည် လက်ရှိ တွင် MBC ရုပ်သံလိုင်း၏ Show! Music Core တေးဂီတအစီအစဉ် ၌ အစီအစဉ်မှူးအဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top