iMyanmarHouse.com - Best Property Website for Myanmar
×










အရမ်းဝနေတာပဲ ဖြစ်ဖြစ်၊ အထိုင်များလို့ ကိုယ်တွေ လက်တွေ ညောင်းညာ ကိုက်ခဲ နေတာဖြစ်ဖြစ်၊ အချိန်အရမ်း နည်းနေလို့ လေ့ကျင့်ခန်း အကြီးကြီးတွေ မလုပ်နိုင်သူများ အတွက် ကြိုးခုန်ခြင်း ကတော့ ကောင်းမွန်သော လေ့ကျင့်ခန်း တစ်ခုဖြစ် ပါတယ်။

ကြိုးခုန်ခြင်းဟာ နေရာကျယ်ဝန်းစွာ မလိုသည့်အပြင် အခန်းကျဉ်းလေး ထဲမှာပဲ လုပ်ဆောင်လို့ ရနိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ဖြစ် လူတိုင်းကြိုးစားလုပ်မယ် ဆိုရင် လုပ်ဖြစ်မှာပါ။ ဒါ့အပြင် အချိန်အရမ်း များများ မရဘူးဆိုရင် ၁၅ မိနစ်လောက်နဲ့ အတော်လေး ထိရောက်စေတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။

အမျိုးသား အမျိုးသမီး နှစ်ယောက်စလုံး လုပ်နိုင်တဲ့ အတွက်ကြောင့် ကျန်းမာလိုသူ မည်သူမဆို လုပ်ဆောင်သင့်ပါတယ်။ နေ့တိုင်း မလုပ်နိုင် ရင်တောင် တစ်ပတ်မှာ ၄ ရက်လောက်ဆို လုံလောက်ပါတယ်။

 Credit : (ရိုးရာလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top