iMyanmarHouse.com - Best Property Website for Myanmar
×










အပူနှင့်အပူလွန်ကဲခြင်းဒဏ်ကို ကာကွယ်ရန်အတွက် နည်းလမ်း များစွာထဲမှတချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ ပူပြင်းသော ရာသီဥတုတွင် အပြင်ထွက်၍ အလုပ်လုပ်ရခြင်း ကြောင့် ကုန်ဆုံးသွားသောစွမ်းအင် များပြန်လည်ဖြည့်တင်းရန် တစ်နေ့ လျှင် အရည်ရှစ်လီတာမျှ သောက် သုံးပေးသင့်သည်။ ကာဗွန်ပါ သော ဖျော်ရည်များနှင့် ဘီယာ များသည် ခန္ဓာကိုယ်ရှိ ရေဓာတ် အားသည် ပြန်လည်အစားထိုးဖြည့် ဆည်းပေးခြင်းမရှိနိုင်သကဲ့သို့ Alcohol ပါသောအရည်များသည် ခန္ဓာကိုယ်ရှိရေဓာတ်ကုန်ခန်းခြင်းကို ပို၍ဖြစ်ပေါ်စေနိုင်ပါသည်။

 100 PLUS ကဲသို့သော ရေဆာရေငတ် ပြေစေနိုင်သော Sport Drink များသည် ခန္ဓာကိုယ်ရှိကုန်ဆုံးသွား သောစွမ်းအင်များကို နဂိုအတိုင်း ပြန်လည်ဖြည့်ဆည်းပေးရန်၊ ကူညီ ပေးရန် နည်းစနစ်တကျထုတ် လုပ်ထားသော အသင့်လျော်ဆုံး အရည်အတွက်ပါဝင်သော Soprt Drink ဖြစ်သည်။ 100 PLUSE သည် ခန္ဓာကိုယ်အတွက်လိုအပ် သောအာဟာရများကို ပြန်လည် ဖြည်းဆည်းနိုင်သော Glucose/Sucrose စသည့်သကြားဓာတ်တို့ ကိုဖြစ်ပေါ်စေသည့် အရည်များနှင့် ပေါင်းစပ်ထားသည်။ ခန္ဓာကိုယ် အတွက်လိုအပ်သော ရေဓာတ်အား ရိုးရိုးရေကို သောက်သုံးခြင်းထက် ကုန်ဆုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန်အထူး ထုတ်လုပ်ထားသော 100 PLUSE ကို သောက်သုံးခြင်းသည် ပိုမို၍အကျိုး ထိရောက်မှုရှိသည်။

မကြာသေးမီက စင်ကာပူ နိုင်ငံရှိ DSO National Laboratoriesတွင် လေ့လာတွေ့ရှိချက် အရ ရိုးရိုးရေနှင့်အတုအယောင် ဖျော်ရည်(ကာဗွန်နိတ်ပါဝင်သည့် အရသာရှိသည့် ရေ၊ အချိုဓာတ် ပါဝင်သော အာဟာရမပြည့်ဝသည့် ဖျော်ရည်များ)များထက်100 PLUSE သည်ပိုမို၍ ရေဓာတ်ကိုပြည်လည် ဖြည့်တင်းပေးနိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

ဤလေ့လာတွေ့ရှိ ချက်ကို 100 PLUSE နှင့် ရေသောက် သုံးသူတို့အား ယှဉ်ပြိုင်စေခဲ့သည့် ဆောင်ရွက်ချက်များအရ 100 PLUSE သောက်သုံးခြင်းသည် ရေ သောက်သုံးခြင်းထက် ၄၃ ရာခိုင် နှုန်းပိုမို၍ကောင်းမွန်ကြောင်း တွေ့ရှိ ခဲ့ရသည်။ လူတို့၏အဆုတ်သည် အောက် ဆီဂျင်ကိုခန္ဓာကိုယ်အတွင်းသို့ ရှူ သွင်းရန် စိုစွတ်မှုကိုထိန်းသိမ်းထား ရန်လိုအပ်သည်။ ညအခါတွင် လေရှူသွင်းခြင်းနှင့် ထုတ်ခြင်းတို့ ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အရည် ဓာတ်များဆုံးရှုံးသွားသည်။

ထို့ကြောင့် တစ်နေ့တာ၏အစ တွင် ရေကိုဖန်ခွက်ကြီးကြီးနှင့် သောက်သုံးခြင်း၊ အသီးဖျော်ရည် သောက်သုံးခြင်း သို့မဟုတ် 100 PLUSE သောက်သုံးခြင်းဖြင့်ကုန်ဆုံး သွားသော အရည်ဓာတ်ကို ပြည် လည် ဖြည့်တင်းပေးရန်ကူညီပေး နိုင်သည်။ ပူပြင်းသောရာသီတွင် ကော်ဖီသောက်သုံးခြင်းသည် ခန္ဓာ ကိုယ်အတွင်းရှိ ရေဓာတ်ကိုပိုမို ဆုံးရှုံးစေနိုင်သောကြောင့် မသောက် သုံးသင့်ပေ။

Credit : ကေကေ

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top