iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့လျှင် ကော်ဖီအနည်းငယ်သောက်သုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်တစ်ခုအဖြစ်သိရသော သွေးကြောများအတွင်းသွေးခဲမှုကို ရှောင်လွှဲနိုင်သည်ဟု ကိုရီးယားသုတေသီများကပြောသည်။

သုတေသီများက အမျိုးသား၊ အမျိုးသမီး ၂၅,၀၀၀ ဦးကို လေ့ လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အလုပ်နေရာများတွင် ပုံမှန်ကျန်းမာ ရေးစစ်ဆေးမှုခံယူသူများဖြစ်သည်။

သုတေသီများ၏ လေ့လာတွေ့ရှိချက်ကြောင့် ကော်ဖီသောက်ခြင်းသည် နှလုံးကျန်းမာရေးအတွက် ကောင်း၊ မကောင်းအချေအတင်ပြောဆိုကို ပြန်လည်ဖြစ်ပွားစေခဲ့သည်။

နှလုံးကျန်းမာရေးအပေါ် ကော်ဖီ၏ အကျိုးသက်ရောက်မှုကို လေ့လာပါက ရှုပ်ထွေးမှုများစွာ ရှိသည်။ တချို့သော လေ့လာမှု များက ကော်ဖီသောက်သုံးခြင်းနှင့် နှလုံးအန္တရာယ်များကြား ဆက်စပ်ကြောင်း ဖော်ပြသည်။ ယင်းအန္တရာယ်များတွင် ကိုလက်စထရော (သို့မဟုတ်) သွေးတိုးခြင်းတို့ပါဝင်သည်။ အခြားလေ့လာမှုများကမူ ကော်ဖီသောက်ခြင်းဖြင့် နှလုံးအတွက် ကာကွယ်မှု အချို့ ရှိသည်ဟု ဖော်ပြကြသည်။

ယခုလေ့လာမှုတွင် သုတေသီများက နှလုံးသို့ သွေးပို့လွှတ် သော နှလုံးသွေးကြောများအတွင်း ရောဂါမှန်သမျှကို ရှာဖွေစစ်ဆေး ခဲ့သည်။ နှလုံးသွေးကြောရောဂါဖြစ်နေပါက နှလုံးသွေးကြောနံရံ များအတွင်း အဆီများတဖြည်းဖြည်း စုဝေးဖြစ်ပေါ်ကာ သွေးခဲသွား လေ့ရှိသည်။


ယခုလေ့လာမှုအတွင်း သုတေသီများက နှလုံးသွေးကြောရော ဂါများ ဖြစ်ပေါ်လာခြင်း၏ အစောပိုင်း သဲလွန်စတစ်ခု ရှာဖွေရန် နှလုံးသွေးကြောများ၏ နံရံများအတွင်း ကယ်လ်စီယမ်များ အနည်ကျမှု ကို လေ့လာစစ်ဆေးခဲ့သည်။

လေ့လာမှုအတွင်း ပါဝင်သော ကိုရီးယားအလုပ်သမားတစ်ဦး တစ်ယောက်မျှ နှလုံးရောဂါရှိသည့် လက္ခဏာမပြသသော်လည်း ဆယ်ဦးလျှင် တစ်ဦးမှာ ကယ်လ်ဆီယမ်အနည်ထိုင်မှုများရှိကြောင်းသုတေသီများ စစ်ဆေးတွေ့ရှိခဲ့ သည်။

ထို့နောက် သုတေသီများက ကော်ဖီပုံမှန်သောက်သူများ၏ ကျန်းမာရေးစစ်ဆေးမှုရလဒ်များနှင့် နှိုင်းယှဉ်လေ့လာပြီး ဆေးလိပ် သောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ပုံနှင့် မိသားစုနှလုံးရောဂါ ရာဇ၀င် တို့ကဲ့သို့ နှလုံးရောဂါဖြစ်နိုင်သည့် အချက်များကို ထည့်သွင်းတွက်ချက်လေ့လာခဲ့သည်။ တစ်နေ့လျှင် ကော်ဖီအနည်းငယ် သောက်သူများမှာ ကော်ဖီကို ယင်းထက်ပို၍ သောက်သူများ (သို့ မဟုတ်) လုံးဝမသောက်သူများထက် နှလုံးသွေးကြောများအတွင်း ကယ်လ်ဆီယမ် အနည်ထိုင်မှု ပိုနည်းပါးကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ သည်။

ကော်ဖီတွင် နိုးကြားတက်ကြွစေသော ကဖိန်းဓာတ်ပါဝင်ပြီး အခြားသော ဒြပ်ပေါင်းများစွာ ပါဝင်သော်လည်း ယင်းဓာတ်များက ခန္ဓာကိုယ်အတွက် ကောင်းကျိုး (သို့မဟုတ်) ဆိုးကျိုးဖြစ်ပေါ်စေသ လား ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။

ကျန်းမာသန်စွမ်းသော အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့လျှင် ကော်ဖီ ၄၀၀ မီလီဂရမ် သောက်သုံးမှုမှာ အန္တရာယ်ကင်းပုံရသည်ဟု အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ ဗြိတိန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်များမှလွဲ၍ လူတစ်ဦးအတွက် နေ့စဉ်သောက်သုံးသင့်သော အများဆုံးကော်ဖီပမာဏကို သတ်မှတ်ကန့်သတ်ဖော်ပြထားခြင်း မရှိပေ။ ကိုယ်ဝန်ဆောင်များမှာ တစ်နေ့လျှင် ကော်ဖီ ၂၀၀ မီလီဂရမ်အထိသာ သောက်သုံးသင့်ကြောင်း သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top