iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယား နာမည်ကြီးကေပေါ့ပ်အမျိုးသမီး ဂီတအဖွဲ့ 4 Minute သည် ဧပြီတွင် ရန်ကုန်မြို့သို့ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း  ယင်းပွဲစီစဉ်သည့် AIM Event Planner မှ သတင်းရရှိသည်။

ယင်း 4 Minute အဖွဲ့ကို အ မျိုးသမီးအဖွဲ့ဝင် ငါးဦးဖြင့် ၂၀၀၉ တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များမှာ Hyun−A ၊ Jihyun ၊ Ga−yoon ၊ Jiyoon ၊ So−hyun တို့ ဖြစ်သည်။

လက်ရှိတွင်   မြန်မာနိုင်ငံ လူငယ်များအကြား၌ ကိုရီးယားပေါ့ပ် (K Pop) လွှမ်းမိုးမှု အားကြီးလာသောကြောင့် ကိုရီးယားဂီတအဖွဲ့တစ်ခုဖြင့် ဖျော်ဖြေပွဲကျင်းပလိုသည့်အတွက် 4 Minute အဖွဲ့ကို ကမ်းလှမ်းခဲ့ပြီး ၎င်းတို့ကလည်း လက်ခံခဲ့သဖြင့်    ပွဲစီစဉ်ဖြစ်ကြောင်း AIM Event Planner မှ ပရောဂျက်မန်နေဂျာ ကိုမင်းသစ်က ပြောသည်။

‘‘အခမဲ့လက်မှတ်တွေအ တွက်လည်း စီစဉ်သွားဖို့ရှိတယ်။ ဒါပေမဲ့ ပရိသတ်တွေအတွက် ဘယ်လိုတွေလုပ်ပေးရမယ်ဆို တာတော့ အခုမှ တိုင်ပင်နေတုန်း ပါ။ နေရာကတော့ လူအရမ်းလည်းမနည်း၊ အရမ်းလည်း မများဘဲ ပရိ သတ်ဆံ့လောက်မယ့်နေရာမှာ လုပ်မှာပါ။ သေချာရင် အားလုံး ကြေညာပါမယ်’’ဟု ၎င်းက ဆို သည်။

လူငယ်များအတွက် အဓိက ရည်ရွယ်ကျင်းပရခြင်းဖြစ်၍ လက်မှတ်ဈေးနှုန်းများကို သင့်တင့်သော နှုန်းထားများဖြင့် ရောင်းချသွားမည်ဟု ကိုမင်းသစ်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄သြဂုတ်  ၂ ရက်က ပထမဆုံးအ ကြိမ် တောင်ကိုရီးယားနိုင်ငံမှ    နာမည်ကြီး  2NE1 အဖွဲ့ လာ ရောက်ဖျော်ဖြေခဲ့ပြီး    ပရိသတ် အားပေးမှုများစွာရရှိခဲ့သည်။ ယခုဧပြီတွင် 4Minute အဖွဲ့ဖျော် ဖြေပွဲပြီးပါက   ဇူလိုင်တွင်   Big Bang အဖွဲ့လည်း  လာရောက် ဖျော်ဖြေရန်ရှိကြောင်း သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top