iMyanmarHouse.com - Best Property Website for Myanmar
×











လူကြားသူကြားသွားတဲ့အခါ ကိုယ်နံ့နံတာတွေကို ကာကွယ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ သုံးစွဲလာကြတာမို့ ချွေးနံ့ကာကွယ်ဖို့သာမက တခြားဘယ်နေရာတွေ မှာ အသုံးတည့်သေးလဲဆိုတာ သိထားရအောင် မျှဝေပေးလိုက်ပါတယ်။

ဖိနပ်အသစ် စစီးတော့မယ်ဆိုရင် ချွေးနံ့ပျောက်ဆေးကို ခြေထောက်ပတ်လည်လိမ်းထားရင် ဖိနပ်ပေါက်တာ မဖြစ်တော့ပါဘူး။ သားရေဖိနပ်တို့၊ ရှူးဖိနပ်တို့၊ ထိပ်ဖွင့်ဖိနပ်တွေစီးမယ်ဆိုရင် သေချာပေါက်သုံးသင့်ပါတယ်။ ဖိနပ်စီးရလွယ်ကူစေတဲ့အပြင် ဖိနပ်နဲ့ အရေပြားကြားမှာ ကြားခံတစ်ခုရှိနေတာကြောင့် ပွန်းပဲ့အနာဖြစ်ခြင်း ကင်းစေပါတယ်။ ခြေထောက်အနံ့ဆိုးထွက်တတ်ရင်လည်း ခြေဖ၀ါးအောက်ကို
 ချွေးနံ့ပျောက်ဆေးလိမ်းထားပြီး ကာကွယ်နိုင်ပါတယ်။

နောက်ပြီး အမျိုးသမီးတွေ ကြုံရလေ့ရှိတဲ့ အတွင်းခံအင်္ကျီတင်းကျပ်လွန်းပြီး ချွေးထွက်များလို့ အနံ့အသက် မကောင်းမဖြစ်အောင်လည်းအတွင်းခံအင်္ကျီဝတ်တဲ့နေရာတွေမှာ ချွေးနံ့ပျောက်ဆေးသုတ်လိမ်းနိုင်သလို
 ချွေးထွက်များတတ်တဲ့ လည်ပင်း၊ ဆံစပ်စတဲ့နေရာတွေကို သုတ်လိမ်းထားရင် အနံ့ဆိုး ထွက်တာကို ထိန်းထားနိုင်ပါတယ်။

တံခါးတွေက တကျွိကျွိအ သံမြည်တာ ပျောက်ချင်တယ်ဆို ရင်လည်း တံခါးပတ္တာမှာ ချွေးနံ့ပျောက်ဆေးသုတ်လို့ ရပါတယ်။ ဗီရို၊ သေတ္တာထဲမှာ အနံ့လေးမွှေး နေချင်ရင် ချွေးနံ့ပျောက်ဆေး ပုလင်းကို အဖုံးမအုပ်ဘဲ သေတ္တာ၊ ဗီရိုထောင့်တစ်နေရာမှာ ထားကြည့်လိုက်ပါ။ ဒါ့အပြင် ချွေးနံ့ပျောက်ဆေးကို လက်ညှိုးလေးမှာ အသားသုတ်ပြီး မျက်လုံးအောက်နားကို မိတ်ကပ်မလိမ်း ခင်သုတ်လိမ်းပေးမယ်ဆိုရင် မျက်ကွင်းညိုတာတွေ ပျောက်ပြီး ကြည်စင်တောက်ပတဲ့ အသားအရေရရှိစေမှာပါ။

နောက်တစ်ချက်ကတော့ ၀က်ခြံညှစ်တဲ့အခါ ၀က်ခြံဖုပေါ်ကို ချွေးနံ့ပျောက်ဆေးသုတ်ပြီး ညှစ်ရင် လွယ်လွယ်ကူကူ ညှစ်နိုင်ပါတယ်။ ပိုးကောင်မွှားကောင် ကိုက်လို့ ယားယံရင်လည်း ချွေးနံ့ပျောက်ဆေး သုတ်လို့ရပါတယ်။ ချွေးနံ့ပျောက်ဆေးထဲမှာပါတဲ့ အလူမီနီယမ်ဆားက နာကျင်တာနဲ့ ရောင်ကိုင်းတာတွေကို သက်သာစေပါတယ်။ ဘောင်းဘီ ကျပ်ကျပ်၊ စကတ်ကျပ်ကျပ်တွေ ၀တ်တဲ့အခါ ခြေထောက်မှာ ချွေးနံ့ပျောက်ဆေးသုတ်ပြီး ၀တ်ရင် လွယ်လွယ်ကူကူ ၀တ်လို့ရစေမှာပါ။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top