iMyanmarHouse.com - Best Property Website for Myanmar
×














လေ့လာမှု အသစ်တစ်ခုအရ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို စကားပြောတဲ့အချိန် သူပြုံးတဲ့ အပြုံးဟန်ပန်ကို ကြည့်ပြီး အဲ့ဒီအမျိုးသမီးအပေါ် ထားရှိတဲ့ အမျိုးသားရဲ့ မူလ လိင်ခွဲခြားဆက်ဆံမှု  စိတ်သဘောထားကို သိနိုင်ကြောင်း သိရပါတယ်။

Northeastern University က ဆေးပညာဆိုင်ရာကျောင်းသား Jin Goh နှင့်Dr. Judith Hall  တို့ရဲ့ အဆိုအရ ကျား၊မ ခွဲခြားဆက်ဆံမှုဟာ ရန်လိုပုံ ပုံစံနဲ့ ဖော်ရွေပုံ ပုံစံနှစ်မျိုးရှိကြောင်း ၄င်းတို့က ယုံကြည်ကြပါတယ်။

ရန်လိုသော ကျား၊မ ခွဲခြား ဆက်ဆံမှုဟာ အမျိုးသမီးများကို သဘောမကျ၊ စာနာစိတ်ကင်းပုံမျိုးဖြစ်ပြီး မကြာမကြာ ဆိုသလို အမျိုးသမီးများအား မလေးမစား အပြုအမူမျိုး၊ လွှမ်းမိုးခြယ်လှယ်လိုတဲ့ အပြုအမူတွေ ဖြစ်နေတတ်ပါတယ်။

ဖော်ရွေတဲ့ ဆက်ဆံမှုဟာ အဲ့ဒီအမျိုးသားမျက်နှာပေါ်တွင် အဆိုးမြင်စိတ်နည်းပါးပုံ ပေါ်လွင်နေပြီး အမျိုးသမီးများအား ပိုမိုအကောင်းမြင်တဲ့ အမြင်ရှိကြပြီး ဖော်ရွေကြပါတယ်။ အမျိုးသမီးတွေအပေါ် ပျူငှာတဲ့ပုံပေါ်တဲ့ အမျိုးသားတွေကတော့ အမျိုးသမီးတွေအပေါ် နွေးထွေးမှုရှိကြပြီး အမျိုးသမီးတွေဟာ အားနည်းသူတွေဖြစ်တာကြောင့် အမျိုးသားတွေရဲ့ ကူညီဖေးမစောင့်ရှောင်မှု လိုအပ်သူတွေလို့ ယူဆကြပါတယ်။

ရန်အလိုဆုံးဖြစ်ပြီး ကျား၊မ ခွဲခြား ဆက်ဆံမှုရှိအမျိုးသားတွေကတော့ အမျိုးသမီးတွေနဲ့ စကားချဉ်းကပ်ပြောဆိုမှု နည်းပြီး အနည်းငယ် ပိုရန်လိုသော ဆက်ဆံမှုရှိတဲ့ အမျိုးသားတွေကတော့ အမျိုးသမီးတွေနဲ့ စကားပြောတဲ့အခါ ပြုံးပြမှု နည်းပါးကြောင်းတွေ့ရပါတယ်။
ဖော်ရွေတဲ့ ကျား၊မ ခွဲခြားဆက်ဆံမှုရှိတဲ့ အမျိုးသားတွေဟာ ပိုမိုဖော်ရွေ၊နွေးထွေးမှုရှိစွာ ပြုံးပြတတ်ကြပြီး အမျိုးသမီးတစ်ဦးရဲ့ သာမန် ဖြေကြားချက်ကို စောင့်ရတဲ့အခါမျိုးတွေမှာလည်း ပိုမိုစိတ်ရှည်မှုရှိကြ ကြောင်း သိရပါတယ်။

ဒီလေ့လာမှုဟာ အမေရိကန် နိုင်ငံရှိ လူငယ် အမျိုးသား၊ အမျိုးသမီး ၂၇ တွဲကို ဂိမ်းပွဲတစ်ခု ကစားစေပြီး စကားဝိုင်းဖွဲ့ ပြောနေချိန်အတွင်း ဂရုတစိုက် လေ့လာစူးစမ်းခြင်းမှ ရလာသော ရလာဒ်များဖြစ်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top