iMyanmarHouse.com - Best Property Website for Myanmar
×














ဗြိတိန်သရုပ်ဆောင်မင်း သမီး အမ်မာဝပ်ဆန်သည် ကုလ သမဂ္ဂတွင် ကျား၊ မ တန်းတူညီမျှမှု ရှိရေး မိန့်ခွန်းပြောကြားခဲ့ပြီး နောက် နာရီပိုင်းအတွင်း အွန် လိုင်းမှ ခြိမ်းခြောက်မှုများရရှိခဲ့ သည်ဟု မတ်လ ၈ ရက် Face-book Q&A အစီအစဉ်၌ ထုတ် ဖော်ပြောကြားသည်။

ကုလသမဂ္ဂအမျိုးသမီးရေး ရာ အထူးသံတမန်တစ်ဦးဖြစ် သော အမ်မာဝပ်ဆန်သည် ကုလ သမဂ္ဂ၌ ကျား၊ မ တန်းတူညီမျှမှု ရှိရေး မိန့်ခွန်းကို ပြီးခဲ့သည့် စက် တင်ဘာတွင် ပထမဆုံးအကြိမ် ပြောကြားခဲ့သည်။
ယင်းသို့ ကျား၊ မ တန်းတူ ညီမျှမှုရှိရန် လှုံ့ဆော်သော အမ် မာဝပ်ဆန်ကို ဟက်ကာအချို့ က အွန်လိုင်းမှတစ်ဆင့် အရှက်ခွဲ မည်ဟု ခြိမ်းခြောက်ခဲ့သည်။

‘‘ကျွန်မရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေကို လူသိရှင်ကြားဖော် ပြလိုက်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုရှိပါတယ်။ အဲဒါ လှိမ့်လုံးတစ်ခုဆိုတာ ကျွန်မသိတယ်။ ဒီဓာတ်ပုံတွေမရှိဘူး ဆိုတာ ကျွန်မ သိတယ်’’ဟု အမ်မာဝပ်ဆန်က ပြောသည်။

အမ်မာဝပ်ဆန်သည် အမျိုး သမီးအခွင့်အရေးအတွက် မိန့် ခွန်းပြောကြားပြီးနောက် နာရီပိုင်း အတွင်း ခြိမ်းခြောက်ခံရ၍ ရင်းနှီးသူများစိုးရိမ်ထိတ်လန့်ခဲ့သည်ဟု၎င်းက ပြောသည်။
HeFor She ကျား၊ မ တန်းတူညီမျှမှုရှိရေး လှုံ့ဆော်မှု အတွက် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖြစ်သော အမ်မာဝပ်ဆန်က ကျား၊ မ တန်းတူညီမျှမှုမရှိခြင်း ကို တိုက်ဖျက်ရာတွင် အမျိုးသား များ ပိုမိုပါဝင်ကြရန် တိုက်တွန်း ခဲ့သည်။

အသက် (၂၄)နှစ်အရွယ် အမ်မာဝပ်ဆန်သည် မတ်လ ၈ ရက်တွင် လန်ဒန်မြို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရုံးချုပ်၌ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲ ကျင်းပသည့်အနေဖြင့် ကျား၊ မ တန်းတူညီမျှမှုရှိရေးအကြောင်း ပရိသတ်များနှင့် တိုက်ရိုက်အမေး အဖြေအစီအစဉ်တစ်ခုပြုလုပ်ခဲ့ သည်။   

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top