iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသမီးများ ဖြစ်သော ဂုံဟိုဂျင်းနှင့် IU တို့ သည် KBS ရုပ်သံလိုင်း၏ Producer အမည်ရ ဒရာမာဇာတ် လမ်းတွဲသစ်တွင် ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုသည်။

Producer ဇာတ်လမ်းတွဲ တွင် ဂုံဟိုဂျင်းက ဝါရင့်ရုပ်သံစီစဉ် တင်ဆက်သူအဖြစ် သရုပ်ဆောင် မည်ဖြစ်ပြီး IU က နာမည်ကျော် အဆိုတော်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ သရုပ်ဆောင်မင်းသား ချာထယ်ဟွန်း ကလည်း     ယင်းဒရာမာဇာတ် လမ်းတွဲတွင် ပါဝင်မည်ဟု မတ်လ ၁ ရက်၌ အတည်ပြုခဲ့သည်။

လက်ရှိတွင်   ဂုံဟိုဂျင်း၊ IU နှင့် ချာထယ်ဟွန်းတို့က Producer ဇာတ်လမ်းတွဲ၌ အဓိ ကဇာတ်ဆောင်များအဖြစ် ပါဝင် မည်ဟု   အတည်ပြုထားသော် လည်း ကေဒရာမာ စတားကင်ဆူ ဟွန်းက ယင်းဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရန် စဉ်းစားနေ ဆဲဖြစ်သည်။

Producer ဇာတ်လမ်းတွဲ သည် ဖျော်ဖြေရေးလုပ်ငန်းကို ဇာတ်အိမ်တည်ထားပြီး ယင်း ဇာတ်လမ်းတွဲကို ယခုလအတွင်း ရိုက်ကူး၍ ဧပြီလလယ်တွင် ထုတ် လွှင့်ပြသမည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top