iMyanmarHouse.com - Best Property Website for Myanmar
×










စီးမယ်လို့ ဆုံးဖြတ်ချက်ချ ၀ယ်ပြီးကာမှ ဒေါက်ကထင်တာထက်ပိုမြင့်နေတာမို့ မစီးဖြစ်ပဲ သိမ်းထားလိုက်ရတဲ့ ဖိနပ်တွေရှိတယ်ဟုတ်။ ဒီလို ဖိနပ်တွေကို စီးနိုင်ဖို့ ခုပြောပြပေးမယ့် အချက်လေးတွေအတိုင်း ပထမဆုံး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် ၀ယ်ပြီး မစီးဖြစ်တဲ့ ဖိနပ်တွေအားလုံး ထုတ်စီးပစ်လို့ရပါပြီ။

၁။သင့်ဖိနပ်အောက်ခြေ sole တွေကို အရင်ဆုံးပြင်ဆင်လိုက်ပါ။

ဖိနပ်တစ်ရံဟာ sole ကောင်းပါမှ စီးလို့ အဆင်ပြေမှာပါ။ ခဲရာခဲဆစ် စီးထားရတဲ့ ဖိနပ် sole တွေဟာ အရမ်းချောနေမယ်ဆိုရင် သင့်အတွက် အခက်အခဲရှိနိုင်မှာမို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

၂။ထိုင်ဖို့အတွက် ၀န်မလေးပါနဲ့။

ထိုင်ဖို့ အခွင့်အရေးရတာနဲ့ ဒေါက်မြင့်ဖိနပ်စီးထားရတဲ့ သင့်ခြေထောက်တွေကို အနားပေးတဲ့အနေနဲ့ ထိုင်သာထိုင်လိုက်ပါ။ ထိုင်တဲ့အခါ ခြေထောက်ကို ချိတ်ပြီး ဟန်ပန်ကျကျထိုင်ဖို့ လိုပါတယ်။

၃။ခန္ဓာကိုယ်ကို ဟန်ကျပန်ကျဖြစ်အောင် လှမ်းလျှောက်ပါ။

ဒေါက်မြင့်ဖိနပ်စီးထားရလို့ဆိုပြီး စိတ်ကိုချုပ်တည်း ကုန်းကုန်းကွကွ လမ်းလျှောက်နေမယ်ဆိုရင်တော့ အစကတည်းက ဒေါက်မြင့်ဖိနပ်မစီးတာ အကောင်းဆုံးပါ။ စီးပြီဟေ့ဆိုရင်တော့ ရင်ကိုဖွင့် စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး ကျော့မော့နေအောင် လျှောက်ဖို့ လိုပါလိမ့်မယ်။

၎။ခြေလှမ်းစိတ်စိတ် လှမ်းပါ။

ဒေါက်မြင့်ဖိနပ်စီးထားပြီဆိုရင် ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းလျှောက်တာထက် စိပ်စိပ်လေးလျှောက်တာ ပိုအဆင်ပြေပါတယ်။ ဒါ့ကြောင့် အရင်ထက် ခြေလှမ်းစိပ်စိပ်လေး ဖြစ်အောင် ကြိုးစားလျှောက်ပါ။

၅။ဒေါက်ဖိနပ်ကအရင်၊ ရှေ့ခြေ ခြေမပိုင်းကနောက်ကနေ လိုက်လျှောက်ပါ။

ဒေါက်မြင့်ဖိနပ်နဲ့ လမ်းလျှောက်တဲ့အခါ အတတ်နိုင်ဆုံး ဒေါက်မြင့်ကို မြေနဲ့အရင်ထိပါစေ၊ ပြီးမှသာ ရှေ့ဘက်ခြေမပိုင်းကို ချပါ။ အရှေ့ပိုင်းက အရင်လှမ်းထိပြီးမှ ဒေါက်မြင့်ပိုင်းကို နောက်ကလိုက်ရင် လှမ်းလျှောက်တဲ့အခါ ကြည့်မကောင်းပါဘူး။

၆။နေရာစုံအောင် ဒေါက်မြင့်ဖိနပ်စီးပြီး အစမ်းလျှောက်ကြည့်ပါ။

တစ်နေရာတည်းကွက်ပြီး ဒေါက်မြင့်ဖိနပ်စီး လျှောက်ကြည့်နေရုံနဲ့တော့ သိပ်အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် ဖြစ်နိုင်ရင် မြေပြင်မှာဆိုဘယ်လို၊ ကြွေကျောက်ပြားတွေပေါ်မှာဆို ဘယ်လို စသဖြင့် ကွဲပြားတဲ့နေရာမျိုးတွေမှာ အစမ်းလျှောက်ကြည့်ပါ။

၇။လေ့ကျင့်ပါ၊ အထပ်ထပ်အခါခါ လေ့ကျင့်ပါ။

ကိုယ့်အိမ်နားတစ်ဝိုက်မှာ အခွင့်ရေးရရင် ရသလို ဒေါက်မြင့်ဖိနပ်စီးပြီး လမ်းလျှောက်ကျင့်ပါ။ အပြင်တွေဘာတွေသွားတဲ့အခါ၊ လူတွေကြားသွားတဲ့အခါတွေမှာလည်း စီးသွားဖို့ မကြောက်ပါနဲ့။ အကြိမ်ကြိမ်လေ့ကျင့်ပြီးသွားတဲ့အခါ သင်ဟာ ဒေါက်ဖိနပ်စီးဖို့ စိုးရိမ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top