iMyanmarHouse.com - Best Property Website for Myanmar
×










ဘယ်အလုပ်ကိုလုပ်လုပ် ယုံကြည်ချက်ထားပြီးလုပ်တဲ့ လုပ်နိုင်စွမ်းအားဟာ မျှော်လင့်ချက်ထားပြီးလုပ်တာထက် သာတယ်
လို့ ထင်တယ်။ မျှော်လင့်ချက်တွေနဲ့ လုပ်တဲ့အခါမှာ ထားတုန်းမှာလည်း လူပင်ပန်း၊ စိတ်ပင်ပန်းတယ်။ မဖြစ်လာပြန်ရင်လည်းတစ်မျိုးဝေဒနာက ရပြန်ပါတယ်။

ယုံကြည်ချက်ထားပြီး လုပ်တာမျိုးကတော့ အောင်မြင်ဖို့ ရာခိုင်နှုန်းများတဲ့ အယူအဆမျိုးဖြစ်ပါတယ်။ ပြီးရင်သက်တောင့်သက်သာလည်း ဖြစ်စေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့ရင်တောင် နောက်တစ်ကြိမ်ဆိုတဲ့ ခွန်အားမျိုးကိုလည်းမွးဖွားပေးတဲ့ စိတ်ခွန်အားဖြစ်ပါတယ်။

အလုပ်က လူကိုယုံကြည်မှုဖြစ်စေတယ်၊ တန်ဖိုးတစ်ခုကို ဖန်တီးပေးနိုင်တယ်ဆိုတဲ့အရာမျိုးကို သိရမယ်။ အလုပ်ကြောင့်ဘ၀က လှနိုင်တာမျိုး ဖြစ်ရမယ်။ အလုပ်ကြောင့် မိမိက အမြဲတမ်း သောကဖြစ်ရတယ်၊ ခွန်အားတွေ ယုတ်လျော့စေတယ်၊ ရည်မှန်းချက် ပျောက်ဆုံးတယ်ဆိုရင် အဲ့ဒါ မျှော်လင့်ချက်ဆိုတဲ့ အရောကြောင့်ပဲ။ ဒါကြောင့် မျှော်လင့်ချက်ကိုဖျောက် ယုံကြည်
ချက်ကို ပြောင်းလဲတည်ဆောက်ပြီး အလုပ်ကိုဆက်ဖို့ လိုပါလိမ့်မယ်။

Credit : True Man

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top