iMyanmarHouse.com - Best Property Website for Myanmar
×










ပါတီပွဲ တစ်ခုခု သို့မဟုတ် မင်္ဂလာဆောင်ပွဲ တစ်ခုခု တက်ရောက်ပြီးနောက် မိတ်ကပ်ဖယ်ရှား ရတာလည်း အလုပ်တစ်ခုဖြစ်ပါတယ်။ Makeup remover တစ်ခုခု အသုံးပြုတာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပေမယ့် တခါတလေ အသားရေကို ခြောက်သွေ့နေစေတတ်ပါတယ်။ ဒါ့ကြောင့်မို့ အသားရေ နူးညံ့စေပြီး တချိန်တည်းမှာပဲ မိတ်ကပ်ကို အလွယ်တကူ ဖယ်ရှားပေးနိုင်မယ့် နည်းလမ်း တချို့ရှိပါတယ်။

ကလေးခေါင်းလျော်ရည် (baby shampoo)

ကလေးခေါင်းလျော်ရည်ဆိုတာ ကလေးတွေအတွက်ပဲလို့ ဘယ်သူပြောလဲ။ eye-liner တွေ၊ မျက်တောင်ခြယ်ဆေးနဲ့ မျက်လုံးခြယ်ဆေးတွေကို အလွယ်တကူ ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။

မျက်နှာအလှဆီ (facial moisturizer)

အလှဆီကို မျက်လုံးတွေပေါ် ဂွမ်းလေးဖြင့် လိမ်းပြီးတဲ့နောက် ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပေးပါ။ ရေနွေးနဲ့ဆိုရင် ပိုထိရောက်ပါတယ်။

ဆီ (oil)

ဘယ်ဆီအမျိုးအစားပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ သို့သော် သံလွင်ဆီနဲ့ မက်မွန် (almond) ဆီက မိတ်ကပ် ဖယ်ရှားဖို့ အကောင်းဆုံးဖြစ်ပါတယ်။ အသားရေ စိုပြေခြင်းအတွက် အဓိကကျတဲ့ အရာတစ်မျိုးလည်း ဖြစ်ကြတယ်။

ရေနံဂျယ်လီ (Petroleum jelly)

မျက်လုံးကို ရေနံဂျယ်လီ ခပ်ဖြည်းဖြည်း လိမ်းပြီး ဂွမ်းလေးနဲ့ မိတ်ကပ်ကို ဖယ်ရှားလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top