iMyanmarHouse.com - Best Property Website for Myanmar
×












တက်တူးထိုးတာ တက်တိုးဆရာကောင်းရုံနဲ့ မလုံလောက်သေးပါဘူး။ နောက်ပိုင်းမှာ တက်တူးထိုးထားတဲ့ သူတိုင်း ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့လည်း လိုအပ်ပါတယ်။ မိမိတက်တူးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတဲ့ နည်းလေးတချို့ဖော်ပြပေးလိုက်ပါတယ်။

·         တက်တူးထိုးပြီးခါစ မှာ သင့် အဝတ်အစားကို ချွတ်လိုက်တဲ့အခါ တက်တူးကို အနာလို သင်မြင်တွေ့နေရပါတယ်။ ဆိုတော့ ပိုးသတ်ဆေး ပါဝင်တဲ့ ဆပ်ပြာနဲ့ သာ ဆေးသန့်စင်ပြီး ပဝါလေးနဲ့ ဖွဖွလေး ပုတ်ကာ ခြောက်အောင်လုပ်ပါ။ ရေနွေးနွေေးလးနဲ့ ဆေးကြောသန့်စင်ပေးတာလည်း ကောင်းပါတယ်။ ရိုးရိုးဆပ်ပြာက အန္တရာယ်ရှိတာမို့  သင့်အိမ်မှာ ပိုးသတ်တဲ့ ဆပ်ပြာပျော့ပျော့ မရှိရင် ရေနွေးလေးနဲ့သာ သန့်စင်ပေးပါ။

·         တက်တူးကို စိုစွတ်နေအောင်ထားပါ။ အုန်းဆီလိမ်းထားတာ၊ ခရင်မ်၊ ဗီတာမင် အီး စတာလေးတွေ လိမ်းပေးထားဖို့ လိုပါတယ်။ အနာကို ခြောက်ခြောက်ကြီးထားမယ်ဆိုရင် အနာကွက်ဖြစ်ပွားတတ်ပါတယ်။

·         တက်တူးပေါ် အစိုဓာတ် အလှဆီတွေ၊ လိုးရှင်းတွေ အလွန်အကျွံ မလိမ်းခြယ်ပါနဲ့။ တစ်ခုခုနဲ့ အုပ်ထားတာမျိုးကလည်း မကောင်းပါဘူး။ ပုံမှန်အနာကျက်အောင် လေဝင်လေထွက်ရှိဖို့ လိုအပ်တယ်။

·         တက်တူးကို အနည်းဆုံး နှစ်ပတ်လောက် နေရောင်မထိစေပါနဲ့။ ခရမ်းလွန်ရောင်ခြည်တွေက မကောင်းပါဘူး။

·         ရက်အနည်းငယ်ကြာပြီးနောက် အလွှာပါးပါးလေးတစ်ခု စတင် ကွာထွက်လာပါလိမ့်မယ်။ အဲဒါကို သွားသွားပြီး မကလိပါနဲ့။ ယားကျိကျိဖြစ်နေရင်တောင် မကုပ်ခြစ်ပါနဲ့။ ညင်ညင်သာသာလေးသာ ခရင်ကိုသာ လိမ်းပေးပါ။

·         ထိုးပြီးနောက် တက်တူးကို (၂) ပတ်ခန့် ရေနဲ့အချိန်အကြာကြီး တိုက်ရိုက်ထိတွေးထားတာမျိုး ရှောင်ပါ။ ရေကူးတာ သို့မဟုတ် ပေါင်းခံချွေးထုတ်တာတွေ ရှောင်ပါ။ ရေနွေးနဲ့ ချိုးတာကောင်းမွန်သင့်တော်ပြီး အန္တရာယ် အကင်းဆုံးဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top