iMyanmarHouse.com - Best Property Website for Myanmar
×










 ထောပတ်သီးဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တာကို သိကြပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ဒီကနေ့ စူပါမားကတ်တွေမှာ အရောင်းရဆုံးအသီးဖြစ်နိုင်တဲ့ ထောပတ်သီးနဲ့ပတ်သက်လို့ ကျွန်တော်တို့တွေ မသိကြသေးတဲ့ အချက်တွေရှိပါသေးတယ်။

၁။ မိကျောင်းခေါင်းတိုသစ်တော်သီး(alligator pear)လို့လည်း ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မိကျောင်းခေါင်းတိုနဲ့ရော သစ်တော်သီနဲ့ပါ ပုံစံချင်း ဆင်တူလို့ပါ။

၂။ ၁၇၀၀ ပြည်လွန်နှစ်တွေတုန်းက ပေါင်မုန်နဲ့သုတ်စားတဲ့ယိုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥရောပသင်္ဘောသားတွေဟာ ထောပတ်သီးကို “midshipman’s butter(သင်္ဘောသားထောပတ်)” အဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ တကယ်ကိုပဲ ထောပတ်သီးဟာ ထောပတ်၊ မယိုးနိစ်၊ ခရင်မ်ချိစ်တွေနဲ့ ယှဉ်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထောပတ်ပဲဖြစ်ပါတယ်။

၃။ အချစ်နဲ့ မျိုးအောင်မှုရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးတွေဟာ ပုံမှန်အားဖြင့် အစုံလိုက်ကြီးထွားဖွံ့ဖြိုးလာကြတာပါ။ ပြီးတော့ အမျိုးသားတွေရဲ့ ဝှေးစေ့နဲ့လည်း တူပါတယ်။ ဒါ့ကြောင့်လည်း Actec လိုဆိုရင် ahuacati (ဝှေးစေ့) လို့ ခေါ်ပါတယ်။

၎။ ၁၈၆၂ ခုနှစ်က မက္ကဆီကန်တပ်က ပြင်သစ်တပ်တွေကို စစ်အောင်နိုင်ခဲ့တဲ့အထိမ်းအမှတ်ပွဲတော်(နှစ်စဉ်မေလ ၅ ရက်)မှာဆိုရင် အမေရိကန်တစ်လွှား ထောပတ်သီးစားသုံးတဲ့ပမာဏ ပေါင်ချိန် ၁၄ သန်းခန့်ရှိပါတယ်။ မက္ကဆီကိုမှာရေပန်းစားတဲ့ သစ်သီး သို့မဟုတ် ဘီစကွတ်တွေနဲ့ ပြုလုပ်ထားတဲ့ ဆော့စ်ပျစ်ပျစ်နှစ်နှစ်ရည်ပြုလုပ်ရာမှာလည်း သုံးပါတယ်။

၅။ အပင်ကနေခူးလိုက်မှပဲ မှည့်တာပါ။ တခြားသစ်သီးတွေလို အပင်ပေါ်မှာ မှည့်မသွားပါဘူး။ မခူးချင်သေးဘူးဆိုလည်း အပင်ပေါ်မှာ ၁၈ လလောက်ထိ ခံပါတယ်။

၆။ အချိုပွဲအဖြစ် ဖန်တီးလို့လည်း ရပါတယ်။ ဘရာဇီးနိုင်ငံသားတွေက ရေခဲမုန့်လုပ်ဖို့အတွက် ထောပတ်သီးကို သုံးကြပြီး ဖိလစ်ပိုင်နိုင်ငံသားတွေကတော့ သကြား၊ နို့တို့နဲ့ ရောစပ်ပြီး အအေးအဖြစ် ခလောက်သောက်လို့ရပါတယ်။ ဒီအချက်ကတော့ လွန်ခဲ့တဲ့နှစ်တော်တော်ကြာကတည်းက ကျွန်မတို့ဆီကူးစက်လာတဲ့ အချက်များ ဖြစ်လေမလားပဲ။

၇။ ထောပတ်သီတွေထဲကမှ ရေပန်းအစားဆုံးနဲ့ပေါကြွယ်ဝဆုံး ထောပတ်သီးကို စတင်စမ်းသပ်စိုက်ပျိုးခဲ့တဲ့ အမျိုးသားရဲ့အမည်ကို အစွဲပြုမှည့်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ ပထမဆုံး Hass ထောပတ်စေ့ကို ရူဒေါ့ဖ်ဟက်စ်က ၁၉၂၀ ပြည့်လွန်နှစ်တစ်နှစ်က စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအပင်က အရသာအရမ်းရှိတဲ့ ထောပတ်သီးတွေ သီးတဲ့အခါ ၁၉၃၅ ခုနှစ်မှာ တရားဝင်ထုတ်လုပ်ရောင်းချခွင့်ရရှိခဲ့ပါတယ်။ ထောပတ်သီးအမျိုးပေါင်း ခန့်မှန်းခြေ ၅၀၀ ကျော်ရှိပါတယ်။

၈။ တစ်ခေတ်တစ်ခါတုန်းကဆို တော်ဝင်စားပွဲအတွက်သက်သက်သာ အသုံးပြုခဲ့တာပါတဲ့။ ထောပတ်သီးကို အရမ်းကို အထက်တန်းကျတော်ဝင်တဲ့ အသီးအဖြစ် ယူဆခဲ့ပါတယ်။ အခုတော့ နေရာမရွေးရရှိနိုင်ပြီး လူတန်းစားရွေးစားသုံးနိုင်တဲ့ အသီးဖြစ်သွားပါပြီ။

၉။ သူလည်း ဘယ်ရီသီးပါပဲ။ ဘာလို့ဆို သားဥအိမ်တစ်ခုတည်းကနေထွက်လာတဲ့ အသားထူတဲ့ သစ်သီးဖြစ်လို့ပါ။

၁၀။ အသီးကို ဖွဖွလေးဖျစ်ညှစ်ကြည့်ရုံနဲ့ မှည့်မှည့်သိနိုင်ပါတယ်။ ဖွဖွလေးသာ ဖိကြည့်ပါ။ နုညံ့မှုကို ခံစားရရင် မှည့်နေပါပြီ။ တကယ်လို့ အရမ်းမာနေသေးရင် မမှည့်သေးလို့ပါ။

Credit : ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top