iMyanmarHouse.com - Best Property Website for Myanmar
×











နာကျင်ကိုက်ခဲမှုကိုသက်သာစေဖို့ အတွက် အသုံးပြုတဲ့ မော်ဖင်းဆေးထက် တရားမှတ်ခြင်းက ပိုမိုအစွမ်း
ထက်ကြောင်း သုတေသနပညာရှင်တွေက တွေ့ ရှိခဲ့ပါတယ်။ တစ်နေ့ ကို မိနစ်နှစ်ဆယ်လောက်သာ သတိအပြည့်နဲ့ တရားမှတ်ခြင်းက အစွမ်းထက်ဆေးဝါးတွေထက် နာကျင်ကိုက်ခဲမှု ပိုမို လျော့နည်းသက်သာစေတယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေဟာ ကျန်းမာရေးကောင်းမွန်ပြီး၊နာကျင်ကိုက်ခဲမှုမရှိတဲ့ လူပေါင်း ၇၅ ယောက်ကို အကူအညီတောင်းကာ သတိအပြည့်နဲ့ ဝိပဿနာနည်းလမ်းအရတရားထိုင်တဲ့အုပ်စု ၊ sham meditation ခေါ်
အသက်ရှူထုတ်လေ့ကျင့်ခန်း ပြုလုပ်သူအုပ်စု၊ နဲ့ ရေနံဂျယ်လီလိမ်းဆေးအတုတစ်မျိုးလုပ်ပေးပြီး တကယ့်
နာကျင်ကိုက်ခဲသက်သာဆေးအသွင် စိတ်လှည့်စားထားတဲ့ Placebo အုပ်စု နဲ့ ဘာမှ
မလုပ်ထားတဲ့ အုပ်စု ဆိုပြီး လေးစုခွဲလေ့လာခဲ့ပါတယ်။

အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက်ပေးထားတဲ့ စမ်းတံတစ်ခုနဲ့ အစမ်းသပ်ခံလူတွေရဲ့ အရေပြားကို ထိကပ်ကာ ဦးနှောက်ကို စကင်ဖတ်လေ့လာမှုအတွဲလိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို့ နောက်မှာတော့
နည်းလမ်းတကျအသက်ရှူ၊ထုတ်မှတ်တတ်အောင်သင်ပေးထားတဲ့လူတွေရဲ့ဦးနှောက်စကင်ဖတ်ထားမှုကို
 လေ့လာကြည့် ရာမှာ နာကျင်မှုကိုတုံ့ ပြန်တဲ့ ဦးနှောက်ရဲ့အပိုင်းဟာ လှုပ်ရှားမှုသိပ်မရှိတာကို တွေ့ ရှိခဲ့ရပါတယ်။

မြောက်ကယ်လ်ီဖိုးနီးယားပြည်နယ်၊ Wake Forest Baptist ဆေးပညာစင်တာက ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ တရားမှတ်၊ကမ္မဌာန်းအားထုတ်နေစဉ်အတွင်းမှာ ဦးနှောက်ရဲ့ နာကျင်မှုကို တုံ့ ပြန်တဲ့အပိုင်းဟာ အလုပ်မလုပ် သလို ဖြစ်နေတာကို တွေ့ ရပါတယ်။

ဦးနှောက်စကင်ဖတ်လေ့လာခြင်းအရ မော်ဖင်းထိုးခြင်းဟာ ခန္ဓာကိုယ်နာကျင်မှုဒဏ်ကို ၂၂ ရာခိုင်နှုန်းသာ သက်သာစေပြီး သတိအပြည့်နဲ့ တရားထိုင်ခြင်းကတော့ ၂၇ ရာခိုင်နှုန်းလျော့နည်းသွားတာကို တွေ
့ရှိခဲ့ရပါတယ်။အာနိသင်တကယ်မရှိတဲ့ဆေးကိုအာနိသင်ရှိတဲ့ဆေးအသွင်လိမ်းပေးကာလူနာကိုစိတ်ပိုင်း
ဆိုင်ရာလှည့်စားတဲ့ Placebo စမ်းသပ်ခဲ့တဲ့အုပ်စုမှာတော့ နာကျင်မှု ကို ခံစားရခြင်းဟာ ၁၁ ရာခိုင်နှုန်း သက်သာနေတာကို တွေ့ ရှိခဲ့ရပါတယ်။

“ သတိအပြည့်နဲ့ တရားထိုင်ခြင်း၊ ၀ိပဿနာထိုင်ခြင်း က ရုပ်ဒြပ်သဘောတရားအရ ခြားနားမှုရှိပြီး placebo လိမ်းဆေးတွေ၊ ၀င်လေထွက်လေသက်သက်မှတ်ခြင်းတို့ ရဲ့ နာကျင်ကိုက်ခဲမှုသက်သာနိုင်စွမ်းထက် သာလွန်နေတာကို သက်သေပြနိုင်တဲ့ ပထမဦးဆုံးလေ့လာမှုတစ်ခုဖြစ်ပါတယ်” လို့ ဦးဆောင်သုတေသန ပညာရှင် Dr Fadel Zeiden က ပြောကြားခဲ့ပါတယ်။


Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top