iMyanmarHouse.com - Best Property Website for Myanmar
×

One Direction အဖွဲ့ ဝင်တစ်ဦးဖြစ်သူ Zayn Malik ဟာ လက်ရှိကမ္ဘာ့အကြီးဆုံးပေါ့ပ်အဖွဲ့ ကနေ မတ်လတုန်းက ရုတ်တရက် နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ သူ့ ရဲ့ ပွဲဦးထွက် ဆိုလိုသီချင်းတစ်ပုဒ် Befour ကို ထွက်ရှိတော့မှာဖြစ်ပြီး Fader ဂီတ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ One Direction အဖွဲ့ ရဲ့ သီချင်းတွေဖန်တီးမှုမှာ သူ့ အခန်းကဏ္ဍအပြည့်မပါခဲ့ဘဲ၊ အဖွဲ့ ရဲ့ သီချင်းတွေကိုလည်း လုံးဝမကြိုက်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် Zayn Malik က အင်တာဗျူးမှာ “ ဒါ (1D ဂီတ) က ကျွန်တော်နားထောင်ချင်တဲ့ ဂီတမျိုး မဟုတ်ပါဘူး။ ခင်ဗျားရော ပါတီတစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ ထိုင်နေတုန်း One Direction ကို နားထောင်ချင်မလား။ ကျွန်တော်ဆိုရင်တော့ နားထောင်မှာ မဟုတ်ဘူး” လို့  ပြောခဲ့ပါတယ်။ အထူးသဖြင့် အဖွဲ့ ရဲ့ နာမည်ကြီးသီချင်းတွေကို သူ နားမထောင်ချင်ဆုံးဖြစ်ပြီး ဒါဟာ သူ့ ရဲ့ ပွင့်လင်းတဲ့ အမြင်တစ်ခုသာ ဖြစ်တာမို့ အဖွဲ့ ကို ထိခိုက်နစ်နာအောင် ပြောတာမဟုတ်ကြောင်း ပြန်လည်ခုခံခဲ့ပါတယ်။

ဒီ့အပြင် Zayn ဟာ ယခုအခါ ကျန် 1D အဖွဲ့ ဝင်တွေဖြစ်တဲ့ Harry Styles ၊ Louis Tomlinson ၊ Liam Pyane ၊ Niall Horan တို့ နဲ့ ဆက်ဆံရေးပြတ်တောက်သွားပြီးဖြစ်ပြီး၊ Liam တစ်ယောက်နဲ့ ပဲ စကားပြောဖြစ်တော့တယ် လို့ ဆိုပါတယ်။ Zayn ဟာ 1D အဖွဲ့ နဲ့ အယ်ဘမ်လေးခု နဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ အများအပြားဖျော်ဖြေအပြီး၊ မတ်လမှာ သာမန်ဘ၀ နဲ့ ပဲ နေချင်တာကြောင့် တီးဝိုင်းကနေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လအတော်ကြာ လူမြင်ကွင်းက ပျောက်နေပြီးနောက်မှာတော့၊ ဇူလိုင်လမှာ RCA တေးသံသွင်းနဲ့ တစ်ကိုယ်တော်ဓာတ်ပြားစာချုပ် ချုပ်ဆိုပြီး ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top