iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတဘက်မှာ အောင်မြင်မှုတွေရနေတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့က ခေါာင်းဆောင်နေရာများကနေပြီး ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထားကြတယ်ဆိုတာကို ပရိသတ်တော်တော်များများ သိထားပြီးသားဖြစ်မှာပါ။ သူတို့တွေသရုပ်ဆောင်ထားတဲ့ MTV တွေကိုတော့ ကြည့်ဖူးကြပေမယ့် ဇာတ်ကားအနေနဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်တာကိုတော့ သေသေချာချာ မကြည့်ကြရသေးပါဘူး။ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလဆန်းမှာ ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ထွက်ရှိလာမယ့် ဇာတ်ကားများရဲ့ နမူနာများပြသမှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ ကန်တော်ကြီး Souvenir မှာပြုလုပ်ခဲ့ပါတယ်။

 လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့က ဘိုဘို ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ဇာတ်ကားများမှာ သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ လွှမ်းပိုင်က ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ 67 Plaza, ဒါရိုက်တာ အောင်ဇော်လင်းရိုက်ကူးထားတဲ့ ဂျာကင်အဟောင်းလေး ဇာတ်ကားနှစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနှစ်ကားစလုံးက လွှမ်းပိုင်အတွက် ပုံစံမတူတဲ့ဇာတ်ကားများဖြစ်ပါတယ်။ 67 Plaza ဇာတ်ကားက ထိတ်လန့်တုန်လှုပ်ဖွယ်ဇာတ်ကားတစ်ကားဖြစ်ပြီး ဂျာကင်အဟောင်းလေး ကတော့ အချစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်း။ ဂျာကင်အဟောင်းလေး ဇာတ်ကားရဲ့ ဇာတ်လမ်းကို လွှမ်းပိုင်ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး သူစိတ်ကူးထဲကအရုပ်တွေကို ပုံဖော်ရိုက်ကူးတာလို့ သိရပါတယ်။

ရဲရင့်အောင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများကတော့ ဒါရိုက်တာဝင်းလွင်ထက်ရိုက်ကူးထားတဲ့ Waiting For You, ဒါရိုက်တာ သားညီရိုက်ကူးထားတဲ့ ဟဲ့၊ ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးထားတဲ့ ကြူစီဂိမ်း ဆိုတဲ့ဇာတ်ကားများဖြစ်ပါတယ်။ ရဲရင့်အောင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများကလဲ စိတ်ဝင်စားစရာကောင်းသလို လူငယ်အချစ်ဇာတ်ကားတွေဖြစ်ပါတယ်။ မိတ်ဆက်တဲ့နေ့က လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ရဲ့ ပရိသတ်အယောက် ၁၀၀ ကိုဒီပွဲကိုတက်ရောက်စေခဲ့ပြီး   ဇာတ်ကားနမူနာများကို ကြည့်စေခဲ့ပါတယ်။

ဘိုဘို ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးကို စတင်လုပ်ဆောင်တာ ၆ လလောက်ပဲရှိခဲ့ပေမယ့် ဒီ ၆ လအတွင်းမှာ ဗီဒီယိုဇာတ်ကား ၅ ကားနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးပြီးထားတယ်လို့ သိရပါတယ်။ ရိုက်ကူးပြီးထားတဲ့ ရုပ်ရှင်ဇာတ်ကားက ငါ့ကိုနမ်းတဲ့အမုန်း ဇာတ်ကားဖြစ်ပြီး လွှမ်းပိုင်၊ ရဲရင်အောင်၊ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးပြီးထားတဲ့ ဇာတ်ကားများကို ဖြန့်ချိတဲ့အခါ တစ်လကိုနှစ်ကားနှုန်းဖြန့်ချိပြီး လွှမ်းပိုင် တစ်ကား၊ ရဲရင့်အောင်တစ်ကား ဖြန့်ချိသွားမှာဖြစ်ပါတယ်။

မလုပ်ရသေးတဲ့ အရာမှန်သမျှ လွယ်တယ်လို့ ထင်ခဲ့ကြောင်း၊ လုပ်ရင်းနဲ့မလွယ်တော့ပဲ အခက်အခဲတွေရှိလာခဲ့ကြောင်း၊ သရုပ်ဆောင်တွေထက်ကောင်းတဲ့ ဒါရိုက်တာအောင်ဇော်လင်းရဲ့ သရုပ်ဆောင်သင်ပြမှုတွေနဲ့ ပညာရခဲ့ကြောင်း၊ ဒါရိုက်တာ သည်ခေတ်နေ နဲ့ ရိုက်ကူးတဲ့ဇာတ်ကားကလဲ ကြောက်လန့်ရ ပြေးရနဲ့ ပညာတွေရခဲ့ကြောင်းများကို ဇာတ်ကားမိတ်ဆက်ပွဲမှာ လွှမ်းပိုင်က ပြောပြခဲ့တာပါ။ အိပ်မက်က အဆိုတော်ဖြစ်ပေမယ့် သရုပ်ဆောင်လုပ်ရတာ စိတ်ဝင်စားကြောင်း၊ ဇာတ်လမ်းနဲ့လိုက်ဖက်အောင် သရုပ်ဆောင်ရတာ ခက်ခဲစသလို ကင်မရာရှေ့မှာ ကိုယ်မဟုတ်တဲ့သူအဖြစ်နေရတာ ခက်ခဲကြောင်း၊ စိတ်ဓါတ်ကျမှုတွေလဲရှိခဲ့ကြောင်း၊ လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ လုပ်ခဲ့ပြီး အားနည်းမှုတွေရှိရင်လဲ နားလည်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းများကို ရဲရင့်အောင်ကဆိုပါတယ်။

Credit : yangonlife

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top