iMyanmarHouse.com - Best Property Website for Myanmar
×














ဒူးခေါင်းသည် လူသားတို့၏ အရိုးအဆက်များထဲတွင် အကြီးဆုံးလည်း ဖြစ်သလို၊ အရှုပ်ထွေးဆုံး အရိုးအဆက်လည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒူးခေါင်းရိုးနေရာသည် ထိခိုက် ဒဏ်ရာရနိုင်ခြေ အများဆုံးလည်း ဖြစ်နေပြန်သည်။ ဒူးဒုက္ခပေးပြီးဆိုလျှင် မျက်ရည်ကျအောင် နာကျင်ရသည်။

ဒူးနာနေပြီဆိုလျှင် ခြေထောက်က ထောက်နိုင်စွမ်းနည်းကာ ပိုပြီး နာကျင်စရာများနဲ့ ကြုံရနိုင်သည်။ အဆိုးဆုံး အနေဖြင့်ကား သွားလာ လှုပ်ရှားနိုင်စွမ်းပါ မရှိတော့သည် အထိ ဖြစ်ပွားနိုင်သည်။ ဒူးခေါင်းတွေ ကောင်းနေဖို့သည် ဘ၀ အရည်အသွေး ပြည့်ဝနေဖို့ အတွက်ပါ အလွန်အရေးပါသည်။ ဒူးခေါင်းတွေ ကောင်းနေဖို့ အဓိက အရေးပါသည့် သုံးချက်ကို အကြံပြု ဖော်ပြပါမည်။

ပေါင်ကြွက်သားတွေ အားကောင်းပါစေ။
ဒူးခေါင်းနေရာ တောင့်တင်း အားကောင်းနေဖို့ အတွက် ပေါင်တစ်ဝိုက်က ကြွက်သားများအား ကောင်းဖို့လိုသည်။ တင်ပါးဆုံ တစ်ဝိုက်က ကြွက်သားများလည်း အားကောင်းနေဖို့လိုသည်။ ပေါင်ကြွက်သားများသည် ဒူးခေါင်းကို သက်ရောက်လာမည့် ဖိအားများကို စုပ်ယူပေးထားသည့် အခံများ ဖြစ်သည်။ ဒူးခေါင်း နောက်ဘက်က ကြွက်သားများ၊ ပေါင်အရှေ့ဘက်က ကြွက်သားများသည် ဒူးခေါင်း ကျန်းမာရေး အတွက် အဓိက ဒေါက်တိုင်များ ဖြစ်သည်။

တင်ပါးဆုံကြွက်သား၊ ဒူးနောက်ဘက် ကြွက်သားနှင့် ပေါင်ကြွက်သားများသည် ခြေထောက်ကို လိုသလို ထိန်းချုပ်ရွေ့လျားပေးနိုင်သော အင်အားစုများ ဖြစ်ကြောင်း ဗြိတိန် ခန္ဓာဗေဒဆိုင်ရာ ဆရာဝန်ကြီး ဆမ်မီမာဂိုက ပြောသည်။

လှေကား အတက်အဆင်း လုပ်ခြင်းသည် ဒူးကြွက်သား၊ ပေါင်ကြွက်သားနှင့် တင်ပါးဆုံ ကြွက်သားများကို တစ်ပြိုင်နက် လေ့ကျင့်ပေးရာ ရောက်သည်။ လှေကား အတက်အဆင်း လေ့ကျင့်ခန်းသည် ဒူးခေါင်းကို ဒဏ်ဖြစ်စေနိုင်စွမ်း နည်းပါးသည့် လေ့ကျင့်ခန်းလည်း ဖြစ်သလို၊ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေသော လေ့ကျင့်ခန်း ဖြစ်သည်။

လှေကား အတက်အဆင်း လုပ်ခြင်းသည် မိမိဒူးခေါင်း မည်မျှ ကျန်းမာသန်စွမ်းကြောင်း ကိုလည်း မိမိဖာသာ ပြန်လည် သုံးသပ် အကဲဖြတ်နိုင်သော လေ့ကျင့်ခန်း ဖြစ်သည်။

ဖိနပ်တွေက ဒူးအတွက် မိတ်တွေလည်းဖြစ်၊ ရန်သူလည်းဖြစ်။
ဖိနပ်စီးတတ်လျှင် ဒူးအတွက် အကျိုးရှိသည်။ မစီးတတ်လျှင် ဒူးအတွက် အကျိုးယုတ်သည်။ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းထက် ဒေါက်မြင့်ဖိနပ်စီးပြီး လမ်းလျှောက်ခြင်းသည် ဒူးအပေါ် ဖိအား(၂၅) ရာခိုင်နှုန်းလောက် ပိုသက်ရောက်ကာ ဒူးကို ပိုဒဏ်ဖြစ်စေသည်။ ဖိနပ်ဝယ်သည့်အခါ အောက်ခံ ပျော့ပျောင်းပြီး ခြေနှင့် အံဝင်ခွင်ကျ ရှိသည့် ဖိနပ်မျိုး ရွေးချယ်ရမည်။

 ခြေနင်းသည့် ဖိနပ်ခုံနေရာသည် ခပ်ခုံးခုံး ဖြစ်နေလျှင် ပိုအဆင်ပြေသည်။ ခြေဖ၀ါး အခွက် နေရာကို ဖိနပ်ဖုခုံးက ၀င်ခုပေးထားသဖြင့် ခြေဖ၀ါးကို အံဝင်ခွင်ကျ ခုပေးထားသည့် နှယ်ဖြစ်ကာ ဖိအားကို ခံနိုင်သွားပြီး ဒူးရိုး အပါအ၀င် ခြေရိုး တစ်ခုလုံးကို မနာကျင်အောင် ကာကွယ်ပေးနိုင်သည်။

ဒဏ်သိပ်မဖြစ်စေသည့် လေ့ကျင့်ခန်းများလုပ်
ပြင်းထန်သော လေ့ကျင့်ခန်းများ စနစ်မကျစွာ လုပ်မိသဖြင့် ဒူးခေါင်း ကြွက်သားများ ပွန်းပဲ့စုတ် ပြတ်ဖူးသူ ဖြစ်ပါက နောင်တွင် လေ့ကျင့်ခန်းများကို ရှောင်ကြဉ်လိုက်ရန်မလို။ ဒူးခေါင်း အပေါ် သက်ရောက်မှု နည်းပါးသော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ လုပ်ခြင်းသည် ဒဏ်ရာရခဲ့ဖူးသော ဒူးခေါင်းကို ပြန်လည် ကျန်းမာလာအောင် ကူညီပေးခြင်း မည်သည်။ ရေကူးခြင်း၊ စက်ဘီးစီးခြင်း တို့သည် ဒူးအပေါ် ဖိအားသက်ရောက်မှု နည်းပါးသလို ထိရောက်မှုလည်း ရှိသော လေ့ကျင့်ခန်းများ ဖြစ်သည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top