iMyanmarHouse.com - Best Property Website for Myanmar
×

ဖက်ရှင်ကျကျလေး နေချင်တယ်ဆိုရင် ဟိုဟာနဲ့ဒီဟာရော၊ အပေါ်အောက်အတွက် အသေခေါင်းစားခံပြီး လုပ်ယူနေစရာ မလိုပါဘူး။ ကိုယ့်မှာရှိတဲ့ အ၀တ်အစားလေးတွနဲ့လည်း ဖက်ရှင်ကျအောင် ၀တ်ဆင်လို့ရပါတယ်။ ဒါပေမယ့် တစ်ချို့ အ၀တ်အစားတွေကတော့ ကိုယ့်ကိုကြည့်ကောင်းစေတာမျိုး မဟုတ်ဘဲ ကြည့်ရသူတွေအတွက် အမြင်ဆိုးစေတာမျိုးတွေ ရှိပါတယ်။ ကြည့်လိုက်တာနဲ့ သက်သောင့်သက်သာ မဖြစ်မှန်း သိသာစေတဲ့ အရာတွေကို ရှောင်ကြဉ်ဝတ်ဆင်စေချင်ပါတယ်။

၁။ယောင်္ကျားလေးတွေအတွက် သီးသန့်ချုပ်လုပ်ထားတဲ့ အ၀တ်အစားတွေ
တစ်ချို့က စတိုင်လ်ဆိုပြီး ယောင်္ကျားလေးဝတ်ရှပ်အင်္ကျံကြီးတွေ၊ ကုတ်အင်္ကျံတွေ ကောက်စွပ်ထားတာ ရှိပါတယ်။ ယောင်္ကျားလေးတွေအတွက် ချုပ်လုပ်ထားတဲ့ အင်္ကျံ၊ ဘောင်းဘီဒီဇိုင်းတွေဟာ မိန်းကလေးတွေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အိမ်နေရင်းဝတ်တာမျိုး မဟုတ်ဘဲ အပြင်သွားတဲ့အခါ ၀တ်တာမျိုးကိုတော့ ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါ။ ဒါတွေဝတ်ပြီး ဖက်ရှင်ကျ လှသွားတဲ့ မိန်းကလေးမျိုးလည်း မရှိသလောက်ရှားတာကြောင့်ပါ။

၂။ဈေးပေါကြီး အထာမကျတဲ့ ဒီဇိုင်းတွေကို ရှောင်ပါ။
တစ်ချို့အ၀တ်အစားတွေက ဈေးသက်သာပြီး အထာကျတာရှိပါတယ်။ ဒါပေမယ့် ဈေးသက်သာတဲ့ အ၀တ်အစားတော်တော်များများဟာ ၀တ်တဲ့သူတွေနဲ့ အဆင်မပြေတာများပါတယ်။ သူတို့ရဲ့ အရောင်၊ ဒီဇိုင်းတွေကလည်း ကြောင်လွန်းလှတာကြောင့် ကိုယ်နဲ့ လိုက်ဖက်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ သိပ်မိုက်ပြီး ဈေးချိုနေရင်တော့ တစ်မျိုးပေါ့လေ။

၃။သိပ်ကြပ်လွန်းတဲ့ အ၀တ်အစားတွေကို အတင်းမစွပ်ပါနဲ့။
ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ သိပ်ကျပ်လွန်းတဲ့ အ၀တ်အစားတွေကို မဆန့်မပြဲအတင်းမစွပ်ပါနဲ့။ ဒီလို ၀တ်ဆင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်လည်း သက်တောင့်သက်သာ မဖြစ်တဲ့အပြင် မြင်ရသူအပေါင်းအတွက်လည်း ဘယ်လိုတောင်များလဲ ဆိုတဲ့ အတွေးတွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top