iMyanmarHouse.com - Best Property Website for Myanmar
×

ချွေးပေါက်တွေက ကျဉ်းနေမှသာ လှပချောမွေ့တဲ့ အသားအရေကို ရရှိမှာ ဖြစ်ပါတယ်။ချွေးပေါက်ကျဉ်းဖို့ နေ့စဉ် မျက်နှာသစ်ပြီးတိုင်း တိုနာသုံးဖို့ လိုအပ်ပေးမယ့် အဲဒီတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ မျက်နှာကို သဘာဝနည်းလမ်းတွေနဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်တော့ ပေါင်းတင်ပေးသင့်ပါတယ်။

အောက်ပါနည်းတွေထဲက အဆင်ပြေလွယ်ကူတဲ့နည်းနဲ့ ပေါင်းတင်နိုင်ပါတယ်။

နည်းလမ်း (၁)
ရှောက်သီးတစ်လုံးကို အရည်ညှစ်ပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပါ။ ပျားရည်နဲ့ သကြားအနည်းငယ်ရောပြီး မွှေပေးပါ။ ပြီးရင် အဲဒါကို မျက်နှာမှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်အကြာမှာ ရေနွေးနွေးနဲ့ ဆေးလိုက်ပါ။ အဆီပြန်သက်သာပြီး ချွေးပေါက်လေးတွေ ကျဉ်းသွားပါလိမ့်မယ်။

နည်းလမ်း (၂)
ကြက်ဥအကာ၊ စပျက်သီးရည်နဲ့ သံပုရာရည်တို့ကို သမအောင်မွှေပါ။ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေခပ်နွေးနွေးနဲ့ ဆေးလိုက်ပါ။

နည်းလမ်း (၃)
အထွေအထူးတွေ မလုပ်အားဘူးဆိုရင်လည်း ကြက်ဥကြော်တဲ့အခါ ကြက်ဥအခွံမှာ ကပ်နေတဲ့ ကြက်ဥအကာရည်ကို မျက်နှာမှာ သုတ်လိမ်းပေးရုံနဲ့ ချွေးပေါက်ကျဉ်းဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါကတော့ နေ့စဉ်လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top