iMyanmarHouse.com - Best Property Website for Myanmar
×

စာသင်ကျောင်းတွေရဲ့  မုန့်ဈေးတန်းမှာ ရေ အလွယ်တကူ သောက်လို့ရအောင် ဖန်တီးပေးထားခြင်းဟာ ကျောင်းသားတွေရဲ့  ငယ်စဉ် ကျန်းမာရေးအခြေအနေတွေမှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုအရသိရပါတယ်။

နယူးယော့ခ် တက္ကသိုလ် လန်ဂေါန်း ဆေးပညာစင်တာက သုတေသီတွေ တွေ့ရှိခဲ့တာကတော့ ငယ်စဉ်ကလေး ဘ၀မှာ ရေ များများ သောက်ခြင်းဟာ အ၀လွန်ရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။

နယူးယော့ခ် မြို့ တော်မှာရှိတဲ့ ကျန်းမာရေး နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဌာန ၊ ပညာရေး ဌာနတို့ဟာ ရေသန့်စက်လို့ ခေါ်တဲ့ ခလုပ်နှိပ်တာနဲ့ ရေ ရယူနိုင်မယ့် လျှပ်စစ် ကိရိယာ တစ်မျိုးကို မြို့ တော်ရဲ့  စာသင်ကျောင်း ၄၀ ရာခိုင်နှုန်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ကျောင်းတွေမှာ တပ်ဆင်ခဲ့ကြပါတယ်။ သုတေသီတွေရဲ့  ပြောကြားချက်အရတော့ ရေသန့်စက် တပ်ဆက်လိုက်တဲ့ ကျောင်းတွေမှာ ယောကျာင်္းလေးတွေဟာ အ၀လွန်ရောဂါ ဖြစ်နိုင်ချေ  ၀.၉ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး မိန်းကလေးတွေအတွက်တော့ အ၀လွန်ရောဂါ ဖြစ်နိုင်ချေ ၀.၆ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပါတယ်။

ဒါ့အပြင် ထိုလေ့လာမှုက တစ်ဆင့် သိရှိခဲ့ရတာက ငယ်ရွယ်စဉ်မှာ အ၀လွန်ရောဂါကို ရှောင်ကြဉ်နိုင်ဖို့အတွက် နွားနို့ သောက်သုံးမှုကိုလည်း လျှော့ချဖို့လိုမယ် ဆိုတာပါပဲ။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top