iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်အကြိုက်တွေ့တဲ့ ပုံစံမျိုးဆိုရင် မိတ်ဆွေအဖြစ် ဆက်ပြီးနေထိုင်သွားလို့ရအောင် ယဉ်ယဉ်ကျေးကျေး ငြင်းပယ်နိုင်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ပိုင်ဆိုင်ထားပြီဆိုရင် အနည်းဆုံး တစ်ခါလောက်တော့ အမျိုးသားတစ်ဦးဆီက ချစ်ခွင့်ပန်တာမျိုး ကြုံရနိုင်ပါတယ်။ ချစ်ခွင့်ပန်လာတဲ့သူဟာ ကိုယ်ပြန်ပြီး နှစ်သက်နိုင်တဲ့သူမျိုး ဖြစ်နိုင်သလို မနှစ်သက်နိုင်တဲ့ သူလည်းဖြစ်နိုင်ပါတယ်။

ချစ်ခွင့်ပန်လာသူ တစ်ယောက်ကို လက်မခံချင်တဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လို့ ရတဲနည်းလမ်းတွေ ရှိပါတယ်။ လက်မခံရင်နိုင်တောင်မှ ယဉ်ယဉ်ကျေးကျေးပြာပြီး ငြင်းလိုက်တဲ့အခါ ကိုယ့်မှာ အားကိုးရတဲ့ မိတ်ဆွေတစ်ယောက် တိုးလာနိုင်ပါတယ်။

၁။ ရည်းစားရှိတယ်လို့ ငြင်းပါ။ ရည်းစားမရှိသေးရင်တောင်မှ အဝေးရောက်နေတဲ့ ရည်းစားရှိတယ်ဆိုပြီး ပြောလိုက်ပါ။

၂။ သူများလွှဲချပါ။ ကျွန်မသူငယ်ချင်းက ရှင့်ကို စိတ်ဝင်စားနေတာနဲ့ တူတယ်ဆိုပြီး ပြောလိုက်ပါ။ သူငယ်ချင်း မဟုတ်လည်း အခြားလူလွတ်တစ်ယောက်ယောက်ပေါ့။

၃။ ကျွန်မက ယောက်ျားလေးတွေကို စိတ်ဝင်စားတာမဟုတ်ဘူးလို့ ပြောလိုက်ပါ။

၎။ ကျွန်မမှာ HIV လက္ခဏာ ပြနေတယ်လို့ ပြောကြည့်ပါ။ နှစ်ခါတောင် ပြန်ပြောစရာ လိုမယ်မထင်ပါဘူး။

၅။ မောင်နှမလိုပဲ ခင်ကြရအောင်လို့ ပြောကြည့်ပါ။ အစ်ကိုတစ်ယောက်လိုပဲ ခင်ချင်တယ်ပေါ့။

၆။ ဘဝရည်မှန်းချက်တွေ ရှိနေသေးလို့ ဒါတွေ မစဉ်းစားချင်သေးဘူးလို့ ပြောကြည့်ပါ။ ကျောင်းတက်နေတုန်း ဆိုရင်လည်း ကျောင်းပြီးမှ စဉ်းစားမယ်လို့ ပြောကြည့်ပါ။

၇။ သူ့ဆီမှာ သင်မကြိုက်တဲ့ အချက်ရှိရင်မပြောမိပါစေနဲ့။ အတက်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေး ပြောရမှာ ဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top