iMyanmarHouse.com - Best Property Website for Myanmar
×

ကယားပြည်နယ် အားကစားကွင်းမှာ ပြုလုပ်တဲ့ ၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ ဖျော်ဖြေပွဲမှာ ဇွန်သဉ္စာဖျော်ဖြေနေတုန်း ခဲနဲ့အပေါက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁၈ ရက်ညပိုင်း ဖျော်ဖြေမှုအစီအစဉ်မှာ ဇွန်သဉ္စာက ဖျော်ဖြေနေချိန်မှာ ခုံကိုယူနေတုန်း ပရိသတ်အချို့က ခဲနဲ့ဝိုင်းပေါက်ကြတယ်လို့ ပွဲကိုကြည့်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါအမျိုးသမီးက" ပေါက်ချင်လည်း ထိအောင်ပေါက်လို့ပြောတော့ ထပ်ပေါက်တာပေါ့။ မျက်ခုံးထိသွားတယ်လို့တော့ ကြားလိုက်တယ်။ ဇာဇာထက်လည်း ပါပေမယ့် ဇွန်သဉ္ဇာ ခဲနဲ့ပေါက်ခံရတယ်ဆိုတော့ စင်ပေါ်တက်မလာတော့ဘူး”လို့ The Ladies News ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ်ဟာ တိုင်းရင်းသားလူမျိုးစုတွေ နေရာထိုင်ရာဒေသဖြစ်တာကြောင့် ခေတ်လွန်ဝတ်စားဆင်ယင်မှုတွေကို မနှစ်သက်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။

Credit : The Ladies News Journal

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top