iMyanmarHouse.com - Best Property Website for Myanmar
×

ရူးကြောင်ကြောင် နိုင်ပြီး အရောင်အသွေးစုံလင်တဲ့ ခြေအိတ်တွေကို ၀တ်ဆင်တတ်သူ အမျိုးသား ၊ အမျိုးသမီး တွေဟာ လွတ်လပ် ပြီး စိတ်ဝင်စားစရာ ကောင်းသလို အောင်မြင်သူတွေလည်း ဖြစ်ကြတယ်လို့ Elite Daily သတင်းဌာန ရဲ့  ဖော်ပြချက်အရ သိရပါတယ်။

အဲဒီလို ရူးကြောင်ကြောင်နိုင်တဲ့ ခြေအိတ်တွေကို ၀တ်ဆင်ကြသူတွေဟာ သူတို့အနေနဲ့ လူမှု ရေပန်စားခြင်းများမှာ စီးမျောခြင်း ၊ သူတို့ရဲ့  ပုဂ္ဂိုလ်ရေးတွေကို ထင်ထင်ရှားရှားဖော်ပြခြင်းနဲ့ စံဖြစ်တဲ့ အာရုံခံစားမှုတွေ အားလုံးကို ငြင်းပယ်ကြောင်း ကမ္ဘာကြီးကို ပြောပြနေသူတွေပဲဖြစ်ပါတယ်။ သူတို့ဟာ တူညီဝတ်စုံတွေနဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေကို ဆန့်ကျင်ပြီး တော်လှန်ရေးတစ်ရပ်ကို ဦးဆောင်နေသူတွေ သာ ဖြစ်ကြပါတယ်။

သင်ဘာကိုဝတ်ထားတယ်ဆိုတာဟာ သင့်ရဲ့  ပုဂ္ဂိုလ်ရေးအကြောင်းကိုများစွာဖော်ပြနေပြီး Quartz သတင်းဌာနမှာဖော်ပြခဲ့တဲ့အတိုင်းပဲ ရူးကြောင်ကြောင်နိုင်တဲ့ ခြေအိတ်တွေဟာ အလုပ်ခွင်မှာလည်း ပိုမို ဖန်တီးနိုင်စွမ်းရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ ပုံရိပ်တွေဖြစ်လာဖို့ ကူညီပေးနိုင်တယ်လို့ သိရပါတယ်။ New York Times သတင်းဌာနက သတင်းတစ်ပုဒ်က ဖော်ပြထားတာကတော့ ဆီလီကွန်တောင်ကြားမှာရှိတဲ့ နည်းပညာ သမားတွေထဲမှာ အဲဒီလို ထူးထူးဆန်းဆန်းခြေအိတ်တွေ ၀တ်ဆင်တတ်သူတွေဟာ လူအုပ်ထဲက ထင်ရှားသူတစ်ယောက်ဖြစ်ပြီး ရာထူးကြီးမားသူတွေသာ ဖြစ်တတ်တယ်လို့လည်း ဖော်ပြထားပါတယ်။

“ကျွန်တော်ဟာ အစည်းအဝေးတစ်ခုမှာရောက်နေရင် လူတွေက ကျွန်တော့်ခြေအိတ်ကို ငုံ့ကြည့်ကြပါတယ်။ ပြီးတော့ ဒါဟာ ကမ္ဘာသုံးသင်္ကေတ လိုဖြစ်နေပြီး ဂိုဏ်း အမှတ်အသားနဲ့လည်း တူပါတယ်။ လူတွေဟာ သူတို့ဘောင်းဘီကို မပြီး ခြေအိတ်ကိုဖော်ပြခြင်းနဲ့ ကိုယ်ဘာကောင်လဲ ပြသလေ့ရှိပါတယ်။” လို့ YouTube ရဲ့  ထုတ်လုပ်မှုစီမံခန့်ခွဲရေး ဒါရိုက်တာ Hunter Walk က ဆိုပါတယ်။ ဒါ့အပြင် အဲဒီလို ရူးကြောင်ကြောင်နိုင်တဲ့ခြေအိတ်တွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ လည်း များစွာရှိခဲ့ပါတယ်။

တစ်ချို့ လူတွေဟာ သင် အဲဒီလို ခြေအိတ်တွေ ၀တ်ဆင်ထားရုံနဲ့ သင်ဟာ တော်လှန်ရေးသမားတစ်ယောက်မှာ တွေ့တွေ့ချင်း မသိနိုင်ပါဘူး။ ဒါပေမယ့် သင်ဟာ ဖန်တီးနိုင်စွမ်းကောင်းမွန်လာပြီး အချိန်တိကျကာ ပိုမိုအောင်မြင်မှု ရလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ရူးကြောင်ကြောင်နိုင်တဲ့ ခြေအိတ်တွေ ၀တ်ဆင်ခြင်းဟာ ချန်ပီယံတစ်ယောက်ရဲ့ နိမိတ်ပုံအမှတ်အသား တစ်ခုဖြစ်နေလို့ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top