iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်တစ်ဘ၀လုံး လက်တွဲသွားရမယ့် သူဆီမှာ ဒီထဲက အရည်အချင်းတွေ အားလုံးမဟုတ်တောင် လက်ခံနိုင်မယ့် အတိုင်းအတာ တစ်ခုတော့ ရှိသင့်ပါတယ်။ ဒီတော့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ သင့်ချစ်သူဆီမှာ ဒီလို အရည်အချင်းလေးတွေ ရှိသလားဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။

၁။ ကိုယ့်ရဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကို ပံ့ပိုးပေးတတ်တာ။ကိုယ်လုပ်ချင်တယ်လို့ ဆန္ဒပြင်းပြနေတဲ့ အရာတစ်ခုကို ဘယ်သူတွေဘာပဲပြောပြော ထောက်ခံအားပေးပြီး ပံ့ပိုးပေးတတ်တာ။

၂။ ကိုယ့်တန်ဖိုးကို ပိုတက်စေတဲ့သူ။ ကိုယ့်မှာ ရှိတဲ့ အရည်အသွေးကို တိုးတက်လာအောင်နှိုးဆွပေးနိုင်တာ။

၃။ ကိုယ့်ကိုယ် ဘာအကြောင်းပြချက်ရှိရှိ လက်တွဲမဖြုတ်ဘဲ ချစ်သွားနိုင်မယ်လို့ ယုံကြည်နိုင်လောက်တဲ့ ခံစားချက်မျိုးပေးနိုင်တာ။

၎။ ညှိနှိုင်းဆွေးနွေးလိုစိတ်ရှိတာ။ အရာရာတိုင်းသူနဲ့ကိုယ် စိတ်သဘောထားချင်း တိုက်ဆိုင်နေနိုင်တာ မဟုတ်တဲ့အတွက် သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးညှိနှိုင်းတတ်တာ။

၅။ ကိုယ့်မိသားစုနဲ့ မိတ်ဆွေတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတတ်တာ။

၆။ ကိုယ့်နဲ့ သူအယူအဆ မတူရင်တောင် ကိုယ့်အယူအဆကို တန်ဖိုးထားနားလည်ပေးတတ်တာ။

၇။ ယုံကြည်လို့ရတဲ့သူဖြစ်တာ။ဘာကိစ္စပဲ ရှိရှိ ကိုယ့်အပေါ်ကိုရိုးသားပွင့်လင်းပြီး ကိုယ့်အားနည်းချက် အားသာချက်တွေကို နားလည်ပေးနိုင်တယ်လို့ ယုံကြည်နိုင်တာ။

၈။ ပြီးခဲ့တဲ့ ပြဿနာတွေကို အစပြန်ပြန်ဖော်ပြီး မတူးဆွတတ်ဘဲ ရှေ့ကောင်းဖို့ကိုပဲ အလေးထားတတ်တာ။

၉။ တာဝန်ယူနိုင်တာ။ ကိုယ်နဲ့ယှဉ်လာရင် သူ့အတ္တကို ဘေးဖယ်ထားပြီး သူ့တာဝန်ကို ကျေအောင်ဆောင်ရွက်ပေးတတ်တာ။ သူ့အမှားကို ၀န်ခံတတ်ပြီး တခြားသူတွေကို အပြစ်ပုံချတာမျိုးမလုပ်တတ်တာ။

၁၀။ မှီခိုအားထားလို့ရတာ။ လူမှုရေး ၊စီးပွားရေးတင်မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ခံစားချက်အားလုံးအတွက်လည်း အပြန်အလှန် အားအင်ပေးနိုင်ပြီး မှီခိုလို့ရနိုင်တာ။

၁၁။ ကိုယ့်အတွက်သူက မိတ်ဆွေကောင်းတစ်ယောက်လို၊ အမှားတွေကို ဝေဖန်ထောက်ပြနိုင်တအဖွဲ့ဝင်တစ်ယောက်လို အမြဲရှိနေနိုင်ပေးနိုင်တာ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top