iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်မတို့ က ဘတ်စ်ကားပေါ်တွေ ၊ အများသုံးအိမ်သာတွေကို အသုံးပြုတဲ့အခါတွေမှာ ပိုးမွှားတွေရှိတတ်တယ်ဆိုတဲ့ အသိနဲ့ သန့်ရှင်းရေးကို အထူးဂရုပြုတတ်ကြပါတယ်။ ကိုယ့်အိမ် ၊ကိုယ့်ရုံးခန်းထက် ပြင်ပကမ္ဘာက ပိုပြီး ရောဂါပိုးမွှားတွေ ပိုများတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကျွန်မတို့ အိမ်တွေ ၊ရုံးခန်းတွေက ဘူတာရုံတွေ၊ ကုန်စုံဆိုင်တွေထက် ပိုပြီး ရောဂါပိုးမွှား ပိုမိုများပြားတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ အကြောင်းကတော့ ရောဂါပိုး အများဆုံးပေါက်ပွားစေတဲ့ အရာတွေက ကျွန်မတို့ နေ့စဉ်အသုံးပြုနေတဲ့ ကျွန်မတို့ရဲ့ အနီးဆုံးပတ်ဝန်းကျင်မှာရှိနေလို့ပါပဲ။ အဲဒီ အရာတွေကတော့

၁)လက်ဆေးကန်

လက်ဆေးကန်က ရေချိုးကန်တစ်ခုလုံးထက် ပိုပြီးညစ်ပတ်ပါတယ်။ လက်ဆေးကန်တစ်ခုရဲ့ ၁ စတုရန်း စင်တီမီတာ အတွင်းမှာ ဘက်တီးရီးယားပေါင်း ၁၀၀,၀၀၀ ရှိပြီး အိမ်သာတစ်လုံးရဲ့ ၁ စတုရန်း စင်တီမီတာအတွင်းမှာတော့ ဘက်တီးရီးယား ၁၀၀ ပဲရှိပါတယ်။ ရောဂါပိုးပေါက်ပွားမှုကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းကတော့ အရောင်မပါတဲ့ ပိုးသတ်ဆေးအပျော့စားနဲ့ မှန်မှန် သန့်ရှင်းရေးလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

၂)သွားပွတ်တံ

သွားတိုက်သွားပွတ်တံ ၆၀ % မှာ မစင်မှာတွေ့ရတတ်တဲ့ ဘက်တီးရီးယားတွေတောင် တွေ့ရတတ်ပါတယ်။ အကြောင်းကတော့ လူအများစုက သွားပွတ်တံတွေကို အိမ်သာနဲ့ ၃ ပေ အကွာလောက်မှာသာ ထားတတ်တဲ့အတွက် အိမ်သာရေဆွဲချတဲ့အချိန်တိုင်း ဘက်တီးရီးယား ပိုးတွေက လေထဲကို ခုန်ထွက်ပြီး အနီးမှာ ရှိတဲ့ အရာတွေထဲ ရောက်ရှိသွားပါတယ်။ အဲ့ဒါကြောင့် သင့်သွားတိုက်တံက တဆင့် သင့်ပါးစပ်ထဲကို ပိုးမွှားတွေရောက် ရှိပြီး ရောဂါဖြစ်ပွားနိုင်ပါတယ်။

၃)မီးဖိုချောင်သုံးရေမြှုပ်

ရေမြှုပ်စရဲ့ အကြိုအကြားနဲ့ မြောင်းငယ်လေးတွေကြားမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားတတ်ပြီး ရေမြှုပ်အသုံးမပြုဘဲထားရင် မိနစ် ၂၀ ကြာတိုင်း ဘက်တီးရီးယားပိုးတွေ ပိုမို ပွားလာတတ်တာကို တွေ့ရှိ ရပါတယ်။ဒါကြောင့် ရေမြှုပ်စကို ရေနွေးနဲ့ ပုံမှန်ဆေးကြောပြီးပိုးသတ်သင့်ပါတယ်။

၎)နားကြပ်

နားထဲမှာ ရှိတဲ့ ပိုးမွှားတွေက အံ့သြစရာကောင်းလောက်အောင် များပြားပါတယ်။ ဒါကြောင့် နားကြပ်နဲ့ ဖုန်းစကားပြောတာ၊ သီချင်းနားထောင်တာတွေများလေ ပိုးမွှားတွေ ပိုမိုများလေဖြစ်ပြီး တခြားသူတစ်ယောက်နဲ့ နားကြပ်တစ်ခုတည်းသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။

၅)ကွန်ပျူတာ ကီးဘုတ်

ကွန်ပျူတာ ကီးဘုတ်တစ်လုံးရဲ့ ခလုတ်တစ်ခုမှာ ဘက်တီးရီးယားပေါင်း ၇၅၀၀ ရှိပါတယ်။ ဒါက အိမ်သာတစ်လုံးမှာရှိတဲ့ ပျမ်းမျှ ဘက်တီးရီးယားထက် အဆ ၂၀၀ ကျော်ပိုများပါတယ်။ ဒီ့ထက်ပိုဆိုးတာက အဲ့ဒီကီးဘုတ်ကို တစ်နာရီကို ၁၆ ကြိမ်လောက်ကိုင်တွယ်နေတဲ့ လက်နဲ့ မျက်နှာကို ကိုင်တွယ်မိနေခြင်းဖြစ်ပါတယ်။

၆)အ၀တ်လျှော်စက်

အတွင်းခံတွေကို ပုံမှန်ရေအေးနဲ့ လျှော်ဖွတ်တာဆိုရင်တော့ E.coliရောဂါပိုးပေါင်း သန်း ၁၀၀ ကို ထိတွေ့နေရတာဖြစ်ပါတယ်။ဒီပိုးတွေ သေစေချင်ရင်တော့ ရေပူ၊အစွန်းချွတ်ဆေးတို့ကို အသုံးပြုလျှော်ဖွတ်ပါ။ အ၀တ်အစားတွေ ကို တွန့်ကြေမှာ စိုးရင်တော့ အားလုံးကို လျှော်ပြီးတဲ့အခါ အပူငွေ့ပါတဲ့ အခြောက်ခံစက်ကို အသုံးပြုသင့်ပါတယ်။

၇)ကားထိုင်ခုံ

ကားထိုင်ခုံတစ်လုံးရဲ့ တစ်စတုရန်း စင်တီမီတာအတွင်းမှာ အစာအဆိပ်သင့်စေတဲ့ ပိုးနဲ့ E.coli စတဲ့ ပိုးအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပါတယ်။

၈)လက်ကိုင်ဖုန်း

ထိတွေ့မှုအများဆုံးအရာဖြစ်တဲ့ လက်ကိုင်ဖုန်းတွေမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အိမ်သာတစ်လုံးမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေထက် ၁၀ ပိုများပါတယ်။ဒီလို ရောဂါပိုး အများအပြားပါတဲ့ ဖုန်းတွေကို မျက်နှာနဲ့ အမြဲထိတွေ့နေကြတာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top