iMyanmarHouse.com - Best Property Website for Myanmar
×

လူတွေဟာ အနမ်းခြွေခါနီးတိုင်း မျက်လုံးလေးတွေ မှိတ်ထားတတ်ကြတာ ဘာ့ကြောင့်များလဲ ဆိုပြီး သင်တွေးကြည့်ဖူးပါသလား။

လေ့လာမှုတစ်ခုကတော့ ခုလို ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာကို ပြောပြထားပါတယ်။ ဒါ့အပြင် စိတ်ပညာရှင်တွေ ဖြစ်ကြတဲ့ Polly Dalton နဲ့ Sandra Murphy တို့ကလည်း လူတွေဟာ ကိုယ့်ချစ်သူနဲ့ အနမ်းခြွေခါနီးတိုင်း မျက်လုံးတွေ ဘာ့ကြောင့်မှိတ်သွားကြရသလဲဆိုတာ ခုလို ပြောပြသွားပါတယ်။

"လူတွေရဲ့ ဦးနှောက်ဟာ တစ်ခုကို အာရုံစိုက်နေချိန်မှာ အခြားသော အပြင်က အနှောင့်အယှက်တွေ၊ အခြားသော အမြင်အာရုံတွေကို လက်မခံချင်တော့ဘူး။ အဖြေကတော့ ဒီလို မျက်လုံးလေးမှိတ်ထားတော့မှလည်း နမ်းတဲ့အခါ ရုပ်သဘောအရ ဒါကို ဘယ်လိုခံစားရသလဲ၊ တကယ်စိတ်ထဲကျေနပ်မှုရှိရဲ့လားဆိုတာကိုပါ သိနိုင်မှာပေါ့"တဲ့။

သုတေသနပြုသူတွေဟာ စာရွက်အမြန်ရှာဖွေခြင်းလုပ်ငန်းဆောင်တာတစ်ခုကို လူတစ်ချို့ကို စမ်းသပ်လုပ်ကိုင်စေခဲ့ပါတယ်။ သူတို့တွေ အဲ့ဒီလို လုပ်နေချိန် လှုပ်ခါမှုဖြစ်စေမယ့် vibrator တစ်ခုစီကိုလည်း သူတို့လက်တွေမှာ တပ်ဆင်စေခဲ့ပါတယ်။ သုတေသနပြုသူတွေ တွေ့ရှိခဲ့ရတာက ခုန စာရွက်ရှာဖွေနေတဲ့ သူတွေဟာ  သူတို့လုပ်စရာရှိတာတွေ လုပ်နေချိန်မှာ ဘာတုန်ခါမှုမှ မခံစားရတာပါပဲ။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မျက်လုံးတွေဟာ အလုပ်များပြီး သူတို့ရဲ့ ဦးနှောက်ကလည်း ဒါကို အာရုံစိုက်နေရတာကြောင့်ပါ။

ဒါ့ကြောင့် လူသားတွေ အနမ်းခြွေတဲ့အချိန် တကယ့်ခံစားချက်ကောင်းတွေ ခံစားနိုင်ဖို့ မျက်လုံးကို အလုပ်မလုပ်ပဲ အနားပေးထားတာ အကောင်းဆုံးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အနမ်းခြွေနေတုန်း မျက်လုံးကြီးဖွင့်ထားတာကလည်း တကယ်တော့ အူကြောင်ကြောင်ကြီး မဟုတ်ပါလား။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top