iMyanmarHouse.com - Best Property Website for Myanmar
×

ချွေးပေါက်မကျယ်ဘဲ ကျော့ရှင်းညက်ညောတဲ့ အသားရေကို ကျွန်ုပ်တို့အားလုံး လိုချင်မက်မောကြပါတယ်။ ဆားဝက်ခြံ ဖယ်ရှားဖို့ ကြိုးစားတဲ့အခါ တန်ဖိုးကြီးတဲ့ ခရင်မ်နဲ့ အရေပြားဆဲလ်သေများဖယ်ရှားပေးတဲ့ ပစ္စည်းတွေ ဈေးကြီးပေး ဝယ်ယူပြီး အလှပြုပြင်ကုသမှုတွေ ခံယူကြပါတယ်။ နောက်ဆုံးတော့ သူတို့တွေဟာ နဂိုအတိုင်း ဖြစ်လာကြမယ့် အရာတွေ ဖြစ်ပါတယ်။

ဆားဝက်ခြံဆိုတာ လေနဲ့ ထိတွေ့မှုရပြီး အစိုဓာတ်က အောက်စီဂျင်နဲ့ ပေါင်းစပ်တဲ့အခါ အမည်းကို အညိုရောင် အဖြစ်ပြောင်းတဲ့ ဝက်ခြံသေးသေးလေးတွေ ဖြစ်ပါတယ်။ ဆားဝက်ခြံတွေက တခါတလေ ပျော့ပြီး ပွတ်တိုက်ပေးရုံနဲ့ ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲ တခါတလေ ဖယ်ရှားဖို့ အရမ်းခက်ခဲတာတွေ့ရပါတယ်။ ကံအားလျှော်စွာနဲ့ ဆားဝက်ခြံတွေ တခါတည်းနဲ့ အပြီး ရှင်းပစ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ 

လိုအပ်သည့်အရာများ

ဆား

ပူစီနံပါဝင်တဲ့ သွားတိုက်ဆေး

ရေခဲတုံး ၂-၃ လုံး

ပြင်ဆင်ပုံပြင်ဆင်နည်း

ပန်းကန်အသေးတစ်ခုထဲ ဆားနဲ့ သွားတိုက်ဆေးကို ပျစ်ပျစ်နစ်နစ်မဖြစ်မချင်း ရောသမမွှေပါ ဆားဝက်တွေပေါက်တဲ့နေရာမှာ လိမ်းပြီး ခြောက်အောင် ၅ မိနစ်ထားပေးပါ။ ပြီးနောက် ရေအနည်းငယ်ယူပြီး မျက်နှာကို စက်ဝိုင်းပုံစံဖြင့် ညင်သာစွာ နှိပ်နယ်ပေးပါ။ ရေဖြင့် ပြန်ဆေးချပြီး မျက်နှာကို ရေခဲ ပွတ်ပေးပါ။ ရေခဲတွေက ချွေးပေါက်ပိတ်စေပြီး နောက်ထပ် ဆားဝက်ခြံတွေ မပေါက်အောင် တားဆီးပေးပါတယ်။ သန့်ရှင်းတဲ့ ဂွမ်းဖတ်နဲ့ မျက်နှာခြောက်အောင် တို့တို့ပြီး သုတ်ပေးရပါမယ်။

ပါဝင်ပစ္စည်းများရဲ့ ကောင်းကျိုးရလဒ်များ

ဆား
သဘာဝဘက်တီးရီးယား ခုခံကာကွယ်ပေးတဲ့ သတ္တိနဲ့ အရေပြားဆဲလ်သေဖယ်ရှားပေးခြင်းအတွက် အကျိုးပြုပါတယ်။

ပူစီနံ
သွားတိုက်ဆေးထဲက ပူစီနံဟာ ချွေးပေါက်တွေ ပွင့်စေကာ အသားရေ သန့်ရှင်းစေတယ်၊ ဘက်တီးရီးတွေ ဖယ်ထုတ်ပြီး ဆားဝက်ခြံတွေ ပိုမိုလွယ်ကူးစွာ ဖယ်ရှားလို့ ရစေပါတယ်။



Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top