iMyanmarHouse.com - Best Property Website for Myanmar
×

အအိပ်မှားတဲ့အခါမျိုး တခါတလေ လည်ပင်းတွေ နာကျင်ကိုက်ခဲတတ်ပါတယ်။ လည်ပင်းနာကျင်မှု ပြင်းထန်တဲ့ တခြားအချိန်များလည်း ရှိတတ်ပါတယ်။ လည်ပင်နာကျင်မှုနဲ့ ပတ်သက်ရင်လည်း ကိုယ်နေဟန်ထားမမှန်ခြင်း၊ ဆတ်ခနဲ့လှုပ်ရှားခြင်း၊ ကြာကြာခေါင်းငုံ့ထားခြင်းစတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။  ကျွန်ုပ်တို့ အားလုံး လည်ပင်း နာကျင်တတ်ကြပေမယ့် အမျိုးသားများထက် အမျိုးသမီးများ လည်ပင်းနာကျင်မှုဒုက္ခ ပိုခံစားရကြောင်း  သိပ္ပံပညာရပ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတစ်ခုအရ ဆေးမတိုးတဲ့ သားအိမ်ခေါင်း အရိုးနုလွှာဝေဒနာကြောင့် အမျိုးသားများထက် အမျိုးသမီးများမှာ ၁.၃၈ ဆ ပိုအဖြစ်များကြောင်း သိရပါတယ်။  ဆေးမတိုးတဲ့ သားအိမ်ခေါင်း အရိုးနုလွှာဝေဒနာဟာ ဖြစ်နေကျ လည်ပင်းနာကျင်ခြင်း အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေထဲမှာ လည်ပင်းမာတောင့်ခြင်း သို့မဟုတ် ငုံ့မရခြင်း၊ ပူစပ်စပ်ဖြစ်ခြင်း၊ တစစ်စစ်နာကျင်ခံစားနေရခြင်း၊ ထုံထိုင်းနေခြင်းတွေ ပါဝင်ပါတယ်။ မတ်မတ်နေတဲ့အခါ သို့မဟုတ် ခေါင်းလှုပ်ရှားတဲ့ အခါ အများဆုံးဖြစ်ပေါ် ပါတယ်။

အမျိုးသားများထက် အမျိုးသမီးများ နာကျင်မှု ပိုခံစားရတာဟာ ခန္ဓာကိုယ် ဆက်စပ်ဖွဲ့စည်းမှုချင်း ကွဲပြားလို့ပဲ ဖြစ်ပါတယ်။ သူတို့မှာ နာကျင်မှု ဟန့်တားပေးတဲ့အရာနဲ့ နာကျင်မှု လျော့နည်းစေနိုင်တဲ့ testosterone ပမာဏ ပိုနည်းကြပြီး သူတို့မှာ မိမိကိုယ်ကိုယ်စောင့်ကြည့်စစ်ဆေးခြင်းနဲ့ သူတို့ခန္ဓာကိုယ်မှ ခံစားနေတာတွေ သတိမူရာမှာ ပိုမိုကောင်းမွန်ကြပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top