iMyanmarHouse.com - Best Property Website for Myanmar
×

သုံးရက်လောက် အစာလုံးဝမစားပဲ နေလိုက်မယ်ဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ။ သုတေသီတွေကတော့ သုံးရက်လောက် အစာမစားပဲ နေထိုင်လိုက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဇီဝဖြစ်စဉ်တွေအားလုံး ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ ရှာတွေ့ပြီလို့ ပြောလိုက်ပါတယ်။

ဇီဝဖြစ်စဉ်တစ်ခုလုံး ပြောင်းလဲသွားအောင် ပြုလုပ်ရာမှာ သွေးဖြူဥဆဲလ်တွေက အရေးပါနေပါတယ်။ သုံးရက်လောက် အစာရှောင်လိုက်ခြင်းဟာ သွေးဖြူဥဆဲလ်တွေကို အသစ်ပြန်လည်မွေးဖွားလာစေတယ်လို့ ဆိုပါတယ်။ ဒါဟာ လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဒီရလဒ်ကိုတွေ့ရှိခဲ့တဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်က သုတေသီတွေကတော့ ဒါဟာ ဝမ်းမြောက်စရာ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်အတွင်း မကျန်းမာမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို သွေးဖြူဥအသစ်တွေက ဖုံးလွှမ်းသွားစေနိုင်မှာပါ။ ဒီအကျိုးသက်ရောက်မှုဟာ အသက်ကြီးတဲ့ သူတွေမှာတောင် ထိရောက်စေနိုင်စွမ်းရှိပါတယ်။ အစာလုံးဝရှောင်ပြီး ဝိတ်ချခြင်းဟာ ဆိုးရွားတယ်လို့ အဆိုရှိပေမယ့်လည်း ဒီအချက်ကတော့ ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top