iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အနာဂတ်
ယောကျာ်းလေးတွေဟာ သူတို့လုံးဝမပြောချင်တာကို အစဖော်လေ့မရှိပါဘူး။ နှစ်ယောက်အနာဂတ်အကြောင်း ပြောလာတယ်ဆိုရင်တော့ သင့်သဘောထား၊ သင့်အထင်အမြင်ကိုလည်း ကြားချင်တာ ဖြစ်ပါတယ်။

၂ - သင့်အမြဲပါ
ဘယ်သွားသွားသင်အမြဲပါပါတယ်။ ဘော်ဒါအပေါင်းအသင်းတွေနဲ့ ဘီယာဆိုင်၊ အရက်ဆိုင် သွားတယ်ဆိုရင်တောင် သင့်ကို ခေါ်ပါတယ်။

၃ - ထိတွေ့မှု
သင်တစ်ခုခုလုပ်နေတဲ့အချိန် ခါးလေးဖက်ထားတာ၊ စားပွဲမှာ ထိုင်ပြီး စာကြည့်နေတဲ့အချိန်မှာ နောက်ကလာပြီး ခေါင်းတွေဇက်တွေကို နှိပ်ပေးပြီး ကျီစယ်တာမျိုးပါ။

၎ - ကတိတည်
နှစ်ယောက်အတူ အစီအစဉ်ဆွဲထားတဲ့ ကိစ္စတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ မဖျက်ပါဘူး။

၅ - သင့်အတွက်
သင်အရှက်ရမှာမျိုး၊ သင်ငယ်သိမ်တဲ့အခြေအနေကို ရောက်မှာ မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး။ သင်အရှက်ရတာဟာ သူအရှက်ရသလို ဖြစ်နေတာကြောင့်ပါ။

၆ - ရင်ဖွင့်
သူစိတ်ညစ်တာ၊ သူအဆင်မပြေတာတွေအားလုံး သင့်ဆီကို ရင်ဖွင့်ပါတယ်။

၇ - ထွက်မပြေး
အခက်အခဲတွေရှိလာရင် ဘယ်တော့မှ ရှောင်မသွားတတ်ပါဘူး။ နှစ်ယောက်ရင်ဆိုင်ရတဲ့ ပြဿနာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားမှာဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ဖြစ် သူက ရင်ဆိုင်ဖြေရှင်းပါတယ်။

၈ - ဖွင့်ပြော
လက်ထပ်ချင်တယ်လို့ သူက ဖွင့်ပြောထားပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top