iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အသောက်သမား
သူတို့ကို မတွေ့ရင် တခြားဘယ်မှာမှမရှာပါနဲ့။ သူတို့တွေ မင်္ဂလာပွဲရဲ့ ဘားလိုနေရာမှာပဲရှိနေတတ်ပါတယ်။ တွေ့သမျှ၊ ခင်သမျှလူတွေကို သူတို့နဲ့အတူတူ တစ်ခွက်တစ်ဖလားမော့ဖို့ အမြဲဖိတ်ခေါ်နေတတ်သူတွေပါ။ အဆိုးဆုံးကတော့ မှောက်တဲ့အထိ၊ အကွဲအပြဲဖြစ်တဲ့အထိတောင် သောက်ကောင်းသောက်နိုင်ပါတယ်။

၂။ ကဖို့ပဲသိတဲ့သူ
သီချင်းသံစကြားတာနဲ့ ကဖို့အဆင်သင့်ဖြစ်နေပါပြီ။ တခြားလူတွေမောသွားလည်း သူကတော့ ဘယ်တော့မှမမောဘဲကနိုင်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ Single မိန်းကလေးတွေကိုလည်း တွဲကဖို့ဖိတ်ခေါ်လေ့ရှိသူတွေပါ။

၃။ အတွဲမရှိပေမယ့် အတွဲခေါ်လာတတ်တဲ့သူ
ပွဲကိုတစ်ယောက်တည်းမတက်ချင်လို့ ခေါ်မိခေါ်ရာ မိန်းကလေးသူငယ်ချင်းတွေနဲ့ အတွဲဟန်ဆောင်ပြီးလာတတ်သူတွေပါ။ အထူးသဖြင့် လူပျိုကြီးဂေါ်မစွံလို့ တခြားအိမ်ထောင်သည် သူငယ်ချင်းတွေစတာလည်း မခံချင်လို့ပေါ့။ အတွဲနဲ့အတူတူပွဲတက်လာတိုင်း စွံသွားပြီလို့ ကောက်ချက်မချလိုက်ပါနဲ့။

၎။ မင်္ဂလာမောင်နှံရဲ့အမျိုးချောချောလေးတွေ
မင်္ဂလာပွဲတော်တော်များများမှာ သတို့သားဘက်က သတို့သမီးဘက်က ဆွေမျိုးနီးစပ်အမိုက်စားလေးတွေကို တွေ့ရတတ်ပါတယ်။ တကယ်လို့ သင်စိတ်ဝင်စားတဲ့ ကောင်လေး၊ အလန်းစားကောင်မလေးတွေကို ခင်မင်ခွင့်ရချင်ရင်တော့ သတို့သား သတို့သမီးကတဆင့် မိတ်ဆက်ပေးဖို့ပြောလိုက်ရုံပါပဲ။

၅။ ရှက်တတ်တဲ့သူ
ပွဲကိုသာတက်လာတာ စားပွဲမှာပဲထိုင်နေပြီး ကနေတဲ့သူတွေကိုကြည့်နေတာမျိုး၊ တခြားလူတွေကို ရှက်သလိုကြောက်သလိုမျိုးဖြစ်နေတတ်သူတွေပါ။

၆။ ဖုန်းနံပါတ်တောင်းဖို့မေ့တတ်သူ
သင်နဲ့စကားတွေပြောတယ်။ အတူတူစားတယ်။ သောက်တယ်။ ပွဲမှာအချိန်ကုန်ဆုံးပြီးမှ ပြန်ခါနီးသင့်ဖုန်းနံပါတ်ကိုတောင်းဖို့ သင့်ကိုထပ်ဆက်သွယ်နိုင်အောင်ကြိုးစားဖို့ မေ့သွားတတ်သူပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top