iMyanmarHouse.com - Best Property Website for Myanmar
×

နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စကားပြောဖို့၊ ပြုံးပြဖို့၊ အစာစားဖို့၊ အရည်စုပ်ယူဖို့နဲ့ အနမ်းခြွေဖို့ ကူညီပေးပါတယ်။ နှုတ်ခမ်းက အထိတွေ့ဖြင့်သိတဲ့ အင်္ဂါရပ်တွေဖြစ်ပြီး အပူ၊ အအေးနဲ့ အထိအတွေ့တို့ကို ခံစားတတ်ပါတယ်။ နှုတ်ခမ်းသားမှာ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတို့လို ပုံမှန်ထွက်တဲ့ ချွေး သို့မဟုတ် အဆီဂလင်းတွေဆိုတာ မရှိပါဘူး။ ဒီအချက်က နှုတ်ခမ်းခြောက်ခြင်းနဲ့ အသားပပ်အက်ကွဲမှုတွေ ဖြစ်လာတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကို အထူးဂရုစိုက်စောင့်ရှောက်ပေးသင့်ပါတယ်။

အမျိုးသမီးတိုင်း လှပတဲ့ နှုတ်ခမ်းတွေ ပိုင်ဆိုင်ချင်ကြပါတယ်။ နှုတ်ခမ်းက အမျိုးသမီးတစ်ယောက်ရဲ့ အလှတိုးစေတဲ့ မရှိမဖြစ် မျက်နှာအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ နှုတ်ခမ်းတွေ မည်းကြပါတယ်။ နှုတ်ခမ်းမည်းတာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို နောက်နှုတ်ခမ်းမည်းတဲ့ အကြောင်းအရင်းတစ်ခုက ဘဝနေထိုင်မှုပုံစံကြောင့်လည်း ဖြစ်နိုင်တယ်။ နှုတ်ခမ်းမည်းတဲ့ တခြားအကြောင်းအရင်းတွေက အရည်အသွေးညံ့ဖျင်းတဲ့ အလှပြင်ပစ္စည်းတွေ သုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ခန္ဓာကိုယ်အတွင်း ဟော်မုန်းဓာတ်မညီမျှခြင်း သို့မဟုတ် UV နဲ့တိုက်ရိုက်ထိတွေ့ခြင်း တွေဖြစ်ပါတယ်။ နှုတ်ခမ်းမည်းမှုကြောင့် ကျွန်ုပ်တို့အများစုဟာ လူကြားထဲ သွားဖို့ ရှောင်ကြဉ်ကြပါတယ်။

လှပတဲ့ နှုတ်ခမ်းတွေဆိုတာ ကျန်းမာ၊ သန့်ရှင်း၊ ချောမွေ့ပြီး ပန်းနုရောင်ရှိတဲ့ နှုတ်ခမ်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ထိန်းသိမ်းပေးခြင်းနဲ့ နေ့စဉ်အလှအပလေ့ကျင့်မှုတို့နဲ့ မှန်ကန်တဲ့ နှုတ်ခမ်းအလှပြင်ပစ္စည်းတွေနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ ပန်းနုရောင်နှုတ်ခမ်းကို အမှန်တကယ် ရရှိနိုင်ပါတယ်။

ဆေးနည်း - ၁

မက်မွန်ဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောစပ်ပါ။ အဲဒါကို နှုတ်ခမ်းမှာ လိမ်းပေးရပါမယ်။ မိနစ် ၃၀ ခန့်ကြာအောင် ထားပါ။ နောက် ရေနဲ့ ဆေးကြောပေးပါ။ ဒါကို တစ်နေ့ ၃၊ ၄ ကြိမ် လိမ်းပေးရပါမယ်။

ဆေးနည်း - ၂

သန့်ရှင်းလတ်ဆတ်တဲ့ နှင်းဆီပွင့်ဖတ်ကို ပျစ်ပျစ်လေးဖြစ်အောင် ကြိတ်ခြေပြီး မလိုင် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်နဲ့ ကောင်းစွာ ရောသမမွှေပါ။ နှုတ်ခမ်းမှာ လိမ်းပြီး မိနစ် ၂၀ ကြာအောင် ထားပါ။ နို့နဲ့ အရင်ဆေးပြီးနောက် ရေနဲ့ ဆေးရပါမယ်။ ဒါက နှုတ်ခမ်းမှ အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးပြီး နှုတ်ခမ်း ပိုမိုပြည့်တင်းစေကာ အနီရောင် သမ်းစေမှာ ဖြစ်တယ်။

ဆေးနည်း - ၃

နနွင်းမှုန့် တစ်ဆိတ်နဲ့ သံပုယို လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ကောင်းစွာ ပေါင်းစပ်ပါ။ နှုတ်ခမ်းမှာ လိမ်းပြီး ၁၀ မိနစ်ထားပါ။ ပြီးနောက် ရေဖြင့် ဆေးချပါ။

အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ brush ပျော့ပျော့လေးအသုံးပြုပြီး နှုတ်ခမ်းကို ညင်သာစွာ ညတိုင်း ပွတ်ပေးပါ။ ကြမ်းတမ်းတဲ့ နှုတ်ခမ်းဆိုးဆေး သို့မဟုတ် နှုတ်ခမ်းအရောင်တင်ဆီတွေ ရှောင်ပါ။ ညမအိပ်ခင် မိတ်ကပ်တွ ပြန်ချွတ်ဖို့ မမေ့ပါနဲ့။ ညတိုင်း နှုတ်ခမ်းကို အလှဆီ လိမ်းပေးသင့်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top