iMyanmarHouse.com - Best Property Website for Myanmar
×

အရွယ်ရောက်ပြီး လူငယ်လူရွယ်တွေကြား ဆိုရှယ်မီဒီယာ စွဲလန်းမှု ပြဿနာဟာ ထင်ထားတာထက် ပိုမိုကြောင်း အမေရိကန်မှ သုတေတီတွေက သတိပေးလိုက်ပါတယ်။ လူငယ်လူရွယ်တွေဟာ ဆိုရှယ်မီဒီယာ ပိုပြီး အသုံးများလေ ပိုပြီး စိတ်ဓာတ်ကျ စိတ်ညစ်ရလေ ဖြစ်နိုင်ကြောင်း University of Pittsburgh School of Medicine ရဲ့ သုတေသနအသစ်က ဆိုပါတယ်။

 
ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်တွေက အင်တာနက်စွဲလန်းစေရန် တွန်းအားပေးနေပြီး ဒီလို စွဲလန်းမှုဟာ စိတ်ဓာတ်ကျမှု ခံစားရဖို့ နီးစပ်နေပါတယ်။ သုတေသနကို အသက် ၁၉ နှစ်မှ ၂၃ နှစ်ကြား လူငယ်လူရွယ် ၁,၇၈၇ ဦးဖြင့် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်တဲ့ လူငယ်လူရွယ်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုမှု မေးခွန်းများ မေးမြန်းခဲ့ပြီး စိတ်ဓာတ်ကျမှု အခြေအနေ တိုင်းတာတဲ့ စနစ်ဖြင့် လေ့လာခဲ့ပါတယ်။
 
ဆိုရှယ်မီဒီယာ အသုံးပြုမှုအပေါ် ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ် အပါအဝင် ထင်ရှားတဲ့ ဆိုရှယ်မီဒီယာ ၁၁ ခုနဲ့ ပတ်သက်ပြီး မေးခွန်းများ မေးမြန်းခဲ့ပါတယ်။ သုတေသနမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ ဖြေကြားမှုများအရ ၎င်းတို့ဟာ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ဆိုရှယ်မီဒီယာကို ၆၁ မိနစ်ကြာ သုံးလေ့ရှိပြီး တစ်ပတ်လျှင် မတူညီတဲ့ ဆိုရှယ်မီဒီယာတွေကို အကြိမ် ၃၀ အသုံးပြုလေ့ရှိပါတယ်။

အဆိုပါ လူငယ်တွေကို စိတ်ဓာတ်ကျမှု အခြေအနေ လေ့လာမှုအရ လေးပုံတစ်ပုံဟာ စိတ်ဓာတ်ကျမှု အညွန်းကိန်း မြင့်မားနေကြောင်း တွေ့ရပါတယ်။ ယခု သုတေသနကို National Institutes of Health က ရန်ပုံငွေထောက်ပံ့ပေးခဲ့ပြီးသုတေသနရလဒ်ကို ဧပြီ ၁ ရက်မှာ ထွက်ရှိမယ့် Depression and Anxiety ဂျာနယ်မှာ ဖော်ပြသွားမယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာကို စွဲလန်းစွာ အသုံးပြုနေသူတွေဟာ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားရနိုင်တဲ့ အခြေအနေကို ဦးတည်လာနိုင်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

 Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top