iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ချို့သော အမျိုးသမီးတွေဟာ ချစ်သူတော့ ထားချင်တယ်၊ သစ္စာမရှိတဲ့ အမျိုးသားနဲ့တွေ့ပြီး အသဲကွဲကျန်ရစ်မှာစိုးလို့ ကြိတ်ပုံးလေးကွေးနေရသူတွေ ရှိပါတယ်။ ဒီတော့ အမျိုးသားတစ်ယောက်ကို စတင်ချဉ်းကပ်ပုံမှစပြီး ဆက်လျှောက်ရမယ့် လမ်းစဉ် (၈)မျိုးကို  ဖော်ပြလိုက်ပါတယ်။

(၁) သူငယ်ချင်းဖြစ်အောင် ကြိုးစားပါ

အရင်ဆုံး ယောက်ျားလေးတစ်ယောက်နဲ့ ရင်းနီးဖို့အတွက် သူ့ဘက်က မကြိုးစားရင် သူငယ်ချင်းဖြစ်အောင် အရင်လုပ်လိုက်ပါ။ ဒါကို ဒီထက်ပိုပြီး နီးစပ်ဖို့ လမ်းစပွင့်သွားပါပြီ။

(၂) မျက်လုံးချင်း ရင်းနီးအောင်လုပ်ပါ

မျက်လုံးချင်းစကားပြောတာ အချစ်ကိစ္စမှာ အရေးပါပါတယ်။ အနည်းဆုံးတော့ ကိုယ်စိတ်ဝင်စားနေတယ်ဆိုတာ သူသိသွားရင် သူ့ဘက်က ပြန်လည်ပြင်ဆင်တာတွေ လုပ်ဖို့ ကြိုတင်အချက်ပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်။

(၃) သူငယ်ချင်းတွေနဲ့ တစ်စွန်းတစ်စ ပြောပါ

ကိုယ်က သူ့ကို စိတ်ဝင်စားနေပါတယ်လို့ တိုက်ရိုက်ပြောလို့ မသင့်တော်ပါဘူး။ အလိမ္မာသုံးတတ်ရပါတယ်။ ဥပမာအားဖြင့် ကိုယ်စိတ်ဝင်စားနေတဲ့သူကို စကားဝိုင်းမှာ မမြင်ရဘူးဆိုရင် ‘ကိုဖြူက … ဘယ်သွားတာလဲ မသိဘူးနော် … နေမှကောင်းရဲ့လား မသိဘူး ’ စတဲ့ နားထောင်သူကို အတွေးတစ်မျိုးပေါက်စေတဲ့ စကားမျိုး မကြာခဏ သုံးပါ။ သူတို့ကတစ်ဆင့် သင့်စကားကို သင့်ကောင်လေး ကြားရပါလိမ့်မယ်။

(၄) သတင်းအချက်အလတ် မပြတ်ပါစေနဲ့

ဒါက ကိုယ့်အတွက် ကြိုကာထားတဲ့ သဘောပါ။ ဘာမှမလွန်ကျွံခင် သူ့အကြောင်းကို တတ်နိုင်သမျှ စုံစမ်းပါ။ မိန်းကလေးတွေအတွက်တော့ ယောက်ျားလေးတွေအကြောင်း များများသိလေ၊ ကောင်းလေပါဘဲ။

(၅) အပြုအမူ အပြောအဆိုကို လေ့လာပါ

လူတစ်ယောက်ရဲ့ အပြုအမူကို လေ့လာခြင်းအားဖြင့် လူကောင်းလား၊ လူဆိုးလား၊ ကပျက်ကချော်သမားလား သိနိုင်ပါတယ်။ ငွေကြေးတစ်ခုတည်းကိုပဲ ကွက်မကြည့်ပါနဲ့။ ငွေကြေးဟာ ဒီနေ့ရှိပြီး မနက်ဖြန် မရှိတာမျိုးဖြစ်သွားနိုင်ပါတယ်။

(၆) မထိခလုတ် ထိခလုတ် စကားလမ်းကြောင်းပါ

ကိုယ် သဘောကျလက်ခံနိုင်တဲ့သူဆိုရင်တော့ မထိခလုတ်စကားပြောနည်း၊ ရွဲ့ပြောနည်း၊ အတည်အတန့်ပြောနည်းစတာတွေကို သုံးသင့်တဲ့နေရာမှာ သုံးပါ။

(၇) အမှတ်တမဲ့အခြေအနေမှာ တွေ့ထိကိုင်တွယ်ပါ

လမ်းဖြတ်ကူးတဲ့အခါမျိုး၊ စကားပြောနေရင်း လက်နဲ့တို့တို့ပြီး ပြောတာမျိုး၊ အမှတ်တမဲ့ ကိုင်တာမျိုးလုပ်ပါ၊ သူ့ဘက်ကလည်း အခုအချိန် သူငယ်ချင်းတွေရဲ့ စကားနဲ့ အတော်လေး အခြေအနေကောင်းနေတဲ့အချိန်ဖြစ်ပါလိ့မ်မယ်။

(၈) ဖွင့်ပြောပီ

ဖွင့်ပြောတဲ့အခါမှာလည်း မိန်းမအထာနဲ့ မူရမယ်ဆိုတာချည်း စိတ်ထဲ တွက်မနေပါနဲ့။ ရုပ်ရှင်တွေထဲကလို အဖေ့ကိုပြောပါ အမေ့ကိုပြောပါ မလုပ်ပါနဲ့၊ ပညာသင်ချိန်ဆိုတော့ ပညာရေးနှောင့်နှေးမှာစိုးလို့-ဘာညာ လုပ်မနေပါနဲ့။ ဒီယုန်လို့ ဒီခြုံထွင်ထားတာပဲ … ဘာရှက်စရာရှိတာလိုက်လို့။

Credit: Lwin Pyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top