iMyanmarHouse.com - Best Property Website for Myanmar
×

Descendants of the Sun ကိုရီးယားရုပ်သံဇာတ်လမ်း တွဲ၌ စစ်ဘက်အရာရှိစုံတွဲအဖြစ် သရုပ်ဆောင်ပြီး နာမည်ကျော် ကြားလာသော ဂျင်ဂူနှင့် ကင်ဂျီဝမ်သည် SBS ရုပ်သံလိုင်း၏ ရုပ်သံအစီအစဉ် Running Manတွင် ပါဝင်တင်ဆက်မည်ဖြစ် သည်။

‘‘ဂျင်ဂူနဲ့ ကင်ဂျီဝမ်ဟာ Running Man အစီအစဉ်အတွက် ဧပြီ ၂၅ ရက် ရိုက်ကူးရေးမှာ ပါဝင်ပါမယ်’’ဟု SBS ရုပ်သံ လိုင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။Descendants of the Sun ဒရာမာဇာတ်လမ်းတွဲတွင် Argus အဖြစ် သရုပ်ဆောင်ခဲ့သော ဒေး ဗစ်လီမက်အင်းနစ်သည်လည်း Running Man အစီအစဉ်၌ ပါဝင်မည်ဖြစ်သည်။

Descendants of the Sun ဇာတ်လမ်း၌ ဂျင်ဂူနှင့်ကင်ဂျီဝမ်၏ ချစ်ဇာတ်လမ်းသည် ပရိသတ် များ၏ နှလုံးသားကို လှုပ်ရှားစေခဲ့ ၍ ကိုရီးယားနိုင်ငံ၌ ပရိသတ်အား ပေးမှုကောင်းသော Running Man အစီအစဉ်၌လည်း ၎င်းတို့ နှစ်ဦး မည်သို့တင်ဆက်မည်ကို ပရိသတ်များ အထူးစိတ်ဝင်စား လျက်ရှိသည်။ ဂျင်ဂူနှင့် ကင်ဂျီ ဝမ်သည် Running Man အစီ အစဉ်၏ မေလ ၁ ရက်နေ့ ထုတ် လွှင့်တင်ဆက်မှုတွင် ပါဝင်မည် ဟု သိရသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top