iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး အရေးကြီးသကဲ့သို့ ဦးနှောက် ကျန်းမာရေးနှင့် စွမ်းဆောင်ရည်အားကောင်းရေးမှာလည်း အရေး ကြီးသည်။

ခန္ဓာကိုယ်အတွက် အာဟာရဖြည့်တင်းရန်၊ ကျန်းမာရေးနှင့် ညီသော အစားအသောက်စားပေးရန်၊ အိပ်ရေးဝစေရန်၊ ပုံမှန်လေ့ ကျင့်ခန်းလုပ်ပေးရန် လိုအပ်သကဲ့သို့ ဦးနှောက်ကိုလည်း စောင့် ရှောက်ရန် အရေးကြီးသည်။

ဦးနှောက်ကို နုပျိုနေစေရန်၊ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ကျန်းမာရန် နည်းလမ်းများကို ဖော်ပြပေးလိုက်သည်။

ကခုန်ခြင်းသည် ဦးနှောက်လုပ်ဆောင်ချက်အားကောင်းစေရန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ ကခုန်ခြင်းကြောင့် ဦး နှောက်သို့ သွေးစီးဆင်းမှုကို အားကောင်းစေသဖြင့် မှတ်ဉာဏ်ဆုံး ရှုံးနိုင်မှု အန္တရာယ်လျော့ပါးစေကြောင်း လေ့လာမှုများက ဖော်ပြ သည်။

ဦးနှောက်လုပ်ဆောင်ချက်ကောင်းမွန်နေစေရန် သင်၏ စိတ်အခြေအနေတက်ကြွနေရန်လိုသည်။ အကယ်၍ သင်သည် အားကစားရုံတွင် လေ့ကျင့်ခန်းလုပ်လေ့ရှိပါက ပုံမှန်ပြုလုပ်နေကျ လေ့ကျင့်ခန်းမျိုးနှင့်မတူသည့် လေ့ကျင့်ခန်းမျိုးပြောင်းလုပ်ခြင်းဖြင့် စိန်ခေါ် မှုပြုလုပ်ပါ။

မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကားတစ်မျိုး (သို့မဟုတ်) နှစ်မျိုးပြောသူများသည် မှတ်ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ်နည်းပါးပြီး ဦးနှောက်စွမ်းဆောင်ရည်အားကောင်းသည်။

ထို့အပြင် စစ်တုရင်ကဲ့သို့ ကစားနည်းများကြောင့်လည်း ဦး နှောက်စွမ်းဆောင်ရည်ကို တိုးတက်လာစေနိုင်သည်။

စာဖတ်ခြင်းကြောင့် ဦးနှောက်အားကောင်းစေသကဲ့သို့ စာရေး ခြင်းမှာလည်း ဦးနှောက်စွမ်းဆောင်ရည်ကို အားကောင်းစေနိုင် သည်။

ဗီဒီယိုဂိမ်းများကစားခြင်းသည်လည်း ဦးနှောက်အားကောင်း စေနိုင်သည့် ထိရောက်သော နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။

ထို့အပြင် အချိန်အတိုင်းအတာတစ်ခုသတ်မှတ်၍ အလုပ်ပြီး အောင် လုပ်ခြင်းမှာလည်း ဦးနှောက်စွမ်းဆောင်ရည်ကို ပိုမိုကောင်း မွန်စေသည်။ နေ့လယ်ဘက်တစ်နေ့လျှင် ၁၀ မိနစ်မှ မိနစ် ၂၀ အထိ အိပ်ပေးခြင်းဖြင့်လည်း ကုန်ဆုံးသွားသော စွမ်းရည်များကို ပြန်လည် ပြည့်ဖြိုးစေနိုင်ကာ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။

ဦးနှောက်အားကောင်းလာစေနိုင်သည့်နောက် နည်းလမ်းတစ် ခုကမှာ တူရိယာတစ်မျိုးမျိုးတီးခတ်ခြင်းဖြစ်သည်။ တူရိယာပစ္စည်း တစ်မျိုးမျိုးကို ပုံမှန်တီးခတ်ပါက မှတ်ဉာဏ်အားကောင်းနိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

တူရိယာတီးခတ်မှုအပြင် တေးသီချင်းနားထောင်ခြင်းမှာလည်း အာရုံစူးစိုက်မှုနှင့် ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top