iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် အဆိုတော်နဲ့ မင်းသမီး ဆယ်လီနာ ဂိုမက်ဇ်က သူမရဲ့ Revival Tour ဂီတဖျော်ဖြေရေး ခရီးစဉ်အဖြစ် စင်ကာပူမှာ လာရောက် သီဆိုဖျော်ဖြေမှာပါ။ ဂီတဖျော်ဖြေပွဲ စီစဉ်တဲ့ Midas Promotions ရဲ့ ထုတ်ပြန်မှုအရ ဆယ်လီနာဟာ စင်ကာပူမှာ ဇူလိုင် ၂၇ ရက် တစ်ညတည်း သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။


ဆယ်လီနာရဲ့ ဂီတပွဲအတွက် လက်မှတ်ရောင်းချမယ့် အစီအစဉ်ကို မကြာမီ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ပေါ့ပ်အဆိုတော် ဆယ်လီနာက ၂၀၁၄ ခုနှစ်မှာ စင်ကာပူဖျော်ဖြေပွဲကို စီစဉ်ပြီးမှ ဖျက်သိမ်းခဲ့ဖူးပါတယ်။

ဆယ်လီနာရဲ့ တေးသီချင်းအယ်လ်ဘမ်တွေဟာ ကမ္ဘာတစ်ဝန်း အချပ်ရေ ၄၅ သန်းကျော် ရောင်းချခဲ့ရပါတယ်။ လတ်တလောမှာ သူမရဲ့ အယ်လ်ဘမ်သစ် Revival ထွက်ရှိထားပြီး ဒီ အယ်လ်ဘမ်သစ်က အမေရိကန်မှာ အရောင်းရဆုံး နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။


Credit : Duwun
 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top