iMyanmarHouse.com - Best Property Website for Myanmar
×

ပွေ့ဖက်ခြင်းဆိုသည်မှာ နှလုံသားကို နွေးထွေးစေတဲ့ ခံစားမှုတစ်ခုသာမကဘဲ ဆေးအမျိုးမျိုးကို တပြိုင်တည်း သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှု အမျိုးမျိုးကို ခံစားရတဲ့ပုံနဲ့ တူညီတယ်ဆိုတာကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။ ပွေ့ဖက်ထိတွေ့ခြင်းက စိတ်ခံစားချက်တွေကို ပြတ်သားရှင်းလင်းစေပြီး တခြားသက်ရောက်မှုအများကြီးကိုလည်း ဖြစ်စေပါတယ်။

နှလုံးခုန်နှုန်းကို လျော့ကျစေတယ်

မြောက် ကယ်ရိုလိုင်းနား တက္ကသိုလ်က စမ်းသပ်မှုတစ်ခုအတွင်း ချစ်သူရဲ့ ထိတွေ့ပွေ့ဖက်မှုကို မရရှိတဲ့ သူတွေက ချစ်သူရဲ့ ပွေ့ဖက်မှုကို ရတဲ့သူတွေထက် ၁ မိနစ်ကို ၁၀ကြိမ်ခန့် နှလုံးခုန်ပိုမြန်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဒိုပါမင် ဟော်မုန်းကို လှုံဆော်ပေးတယ်

ဒိုပါမင်ဟော်မုန်း လျော့နည်းနေခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာ၊ စိတ်အားထက်သန် ပြင်းပြမှု မရှိတာ၊ ဝေခွဲမရ ဖြစ်တာတွေကို ဖြစ်စေတတ်ပါတယ်။ ပွေ့ဖက်ခြင်းက ဦးနှောက်က ဒိုပါမင် ဟော်မုန်းထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး ကောင်းတဲ့ ခံစားချက်ကိုရရှိစေပါတယ်။

ဆီရိုတိုနင် ဟော်မုန်းထွက်ရှိစေတယ်

ဆီရိုတိုနင် ဟော်မုန်းက ကိုယ်က အရေးပါတယ်လို့ ခံစားနေရတဲ့အချိန်မျိုးမှာ ထွက်ရှိတတ်ပြီး အထီးကျန်နေချိန်နဲ့ စိတ်ဓာတ်ကျနေတဲ့အချိန်တွေက ဆီရိုတိုနင်ဟော်မုန်းမရှိတာကြောင့် ဖြစ်ပါတယ်။တစ်စုံတစ်ယောက်ရဲ့ ပွေ့ဖက်ခြင်း ခံရတဲ့အချိန်မှာ ဆီရိုတိုနင်ဟော်မုန်းထွက်ရှိမှုကြောင့် နာကျင်မှု၊ဝမ်းနည်းမှုတွေ လျော့ပါးပြီး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ဒါက နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပြီး အဝလွန်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။

အောက်ဆီတိုနင် ဟော်မုန်းကို ထွက်ရှိစေတယ်

အောက်ဆီတိုနင် ဟော်မုန်းဆိုတာ အစွမ်းထက်တဲ့ အချစ်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ မိခင်တွေ ကလေးမွေးဖွားတဲ့ အချိန်အတွင်း သေလောက်အောင် နာကျင်ခံစားရပေမဲ့ ကိုယ့်ကလေးကို မြင်လိုက်ရတဲ့အချိန်မှာ နာကျင်မှုအားလုံးကိုမေ့ပြီး ချစ်ခင်တဲ့ခံစားမှုကို ရစေတာ အောက်ဆီတိုနင်ဟော်မုန်း ထွက်ရှိမှုကြောင့်ပဲ ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းကြောင့်ရရှိတဲ့ စိတ်ခံစားချက်က ယင်းအောက်ဆီတိုနင်ဟော်မုန်း ထွက်ရှိမှုကို တိုးပွားစေတဲ့အတွက် ယုံကြည်မှုနဲ့ အကြင်နာတွေတိုးစေနိုင်ပါတယ်။

ကိုယ်ခံအား စနစ်ကို တိုးတက်ကောင်းမွန်စေတယ်

ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပြီး အကျိုးပြု ဟော်မုန်းအမြောက်အမြားကို ထွက်ရှိစေပြီး ကိုယ်ခံအား စနစ်ကို သဘာဝအတိုင်း တိုးတက်ကောင်းမွန်စေနိုင်တယ်လို့ သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top