iMyanmarHouse.com - Best Property Website for Myanmar
×

တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ သူတို့ဘ၀ရဲ့အချိန် ထဲက (၁၅)လလောက်ကို အလှပြင်တဲ့နေရာမှာ သုံးနေကြပါတယ်။ ဒီတော့ ဘယ်ရာသီဥတု မျိုးနဲ့မဆိုသင့်တော်မယ့် အခြေခံ မိတ်ကပ်ပစည်း (၄)မျိုးကို ဖော်ပြပေးချင်ပါတယ်။

(၁) ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ (၂၄)နာရီလုံး တာရှည်ခံပြီး ညစ်ပတ်ပေကျံ စေခြင်းမရှိပါဘူး။

မိုးရွာရင်ပဲဖြစ်ဖြစ် ၊ ချွေးထွက်ရင်ပဲဖြစ်ဖြစ် ၊ ငိုရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ များသောအားဖြင့် အနက်နဲ့ အညိုရောင်မျိုး ထုတ်ထားပါတယ်။

(၂) တစ်နေ့လုံးစာသုံးသင့်တဲ့ နှုတ်ခမ်းနီအရည်တွေကို ရွေးချယ်ပါ။

အရောင်အမျိုးမျိုး ရှိပြီးတော့ ပန်းနုရောင်ကနေ အနီရောင်ဘက်ထိ ရှိပါတယ်။ အသွင်အပြင်ကတော့ အနှစ်များပြီး နှုတ်ခမ်းပေါ်မှာ မတင်ထားသလိုပါပဲ ။ စားပြီးချိန် ၊ သောက်ပြီးချိန် တွေမှာတောင် အရောင်လျော့မသွားပါဘူး။

(၃) ရေစိုခံ တာရှည်ခံ အိုင်းလိုင်နာတွေပါ ။

အရောင်ခုနစ်မျိုးလာပြီး ခရမ်းရောင်တောက် တောက်၊ အပြာ ၊ ငွေရောင်၊ အညို နဲ့ အနက်တွေ အသုံးများပါတယ်။ ဆေးမပျံ့စေတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားလို့ တစ်နေ့လုံး အစွန်းအထင်မရှိစေဘဲ တာရှည်ခံပါတယ်။

(၄)  ရေဒဏ်ကိုခံနိုင်ပြီး အစိုဓါတ်အနည်းငယ်ပါတဲ့ ပေါင်ဒါအခြောက်မှုန့်တွေပါပဲ။

အန်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့ မိတ်ကပ်ရည်တွေကလဲ တာရှည်ခံမှု ၊ ချောမွေ့မှု တို့ကိုပေးစွမ်းနိုင်ပါတယ်။

ဒီမိတ်ကပ်ပစည်း(၄)မျိုးကို ဦးစားပေးရွေးချယ်မယ်ဆိုရင်တော့ အိမ်က ထွက်ကတည်းက ပြင်ထားတဲ့အတိုင်း တစ်နေ့တာလုံး လန်းဆန်း လှပနေမှာ သေချာပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top