iMyanmarHouse.com - Best Property Website for Myanmar
×

နေပူလှုံခြင်း၊ ရေကူးခြင်းနဲ့ ဇိမ်ခံဖို့အတွက် နွေရာသီ အပူချိန်က အရင်က သင့်အတွက် သင့်တော်ကောင်းမွန်မှာပါ။ ခုလို အရမ်းပူပြင်းနေချိန်မှာတော့ သင့်အတွက်သာမက  သင့်စမတ်ဖုန်းအတွက်ပါ မသင့်တော်တော့ပါဘူး။ ဖုန်းအပူလွန်တာ အသက်အန္တရာယ်များပြီး တချို့ကိစ္စတွေမှာ အပူလွန်ကဲရင် ဖုန်းကို လုံးဝ ပျက်စီးသွားစေနိုင်ပါတယ်။ နေပူထဲ အပန်းဖြေသွားတဲ့အခါ မိမိဖုန်းကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဖုန်းအပူချိန် မလွန်ဖို့ ဒီအချက်လေးတွေကိုလည်း သိထားဖို့ လိုပါတယ်။

(၁) ဖုန်းကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့သော နေရာတွေမှာ မထားပါနဲ့။ အပူချိန်ပိုမိုလျော့နည်းတဲ့ တစ်ရိပ်တစ်ခုခုအောက် သို့မဟုတ် အိတ်တစ်ခုခုထဲ ထည့်သိမ်းထားပါ။

(၂) ဖုန်းအခွံကို ဖြုတ်မထားပါနဲ့။ အပူထိန်းပေးပြီး ဖုန်းကိုအေးနေအောင် ကာကွယ်ပေးလို့ဖြစ်ပါတယ်။

(၃) မလိုအပ်တဲ့ background ပရိုဂရမ်တွေ ပိတ်ထားပါ။ processer ကို ပူနွေးမှုသာဖြစ်စေပါလိမ့်မယ်။

(၄) မလိုအပ်သေးရင် ဖုန်းကို ပိတ်ထားလိုက်ပါ။ အပူအချက်ချင်း သက်သာစေပါလိမ့်မယ်။

(၅) ဂိမ်း သို့မဟုတ် map တွေ အသုံးမပြုပါနဲ့။ ဂိမ်းကစားစဉ် သို့မဟုတ် map သုံးတဲ့အခါ ဖုန်းအပူမြင့်တက်တာ သတိထားမိပါလိမ့်မယ်။

(၆) ဖုန်းကို ကားထဲ ချန်မထားခဲ့ပါနဲ့။

(၇) ဖုန်းက အရမ်းပူနေလျှင် အားမသွင်းပါနဲ့။ ဘက်ထရီတွေဟာ အားသွင်းနေစဉ် အပူမြင့်တက်ကြတာဖြစ်တယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top