iMyanmarHouse.com - Best Property Website for Myanmar
×

သာမန်ထက် ပိုနေတဲ့ သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးက အမျိုးသားတွေနဲ့ ဝေးကွာတယ်ဆိုတာ သင်သိရဲ့လား။

၁။ အိမ် ထောင်တစ်ခု ထူထောင်ဖို့ထက် အလုပ်ကိုပဲ အာရုံပိုစိုက်တယ်

သူငယ်ချင်းတွေက အိမ်ထောင်ပြုဖို့ အားသန်နေချိန်မှာ သင်ကတော့ ရာထူးနဲ့ ဝင်ငွေအတွက်ပဲ အာရုံစိုက်နေတာကိုး။

၂။ အားလုံးသိနေတဲ့သူကို ဘယ်သူမှ မကြိုက်ဘူး

သင့်ရဲ့ ကြိုးစားမှုကြောင့် သိတာတွေ အရမ်းများနေပေမဲ့ ယောက်ျားတစ်ယောက်က ဘာပဲပြောပြော သူ့ထက် သိနေတတ်နေတဲ့ မိန်းကလေးမျိုးကို သဘောမကျပါဘူး။ သင်က ချစ်သူလိုချင်တာပါ၊ တပည့်လိုနေတာမဟုတ်ဘူးဆိုတာ ခေါင်းထဲထည့်ထားပြီး သိတိုင်းလည်း မပြောမိပါစေနဲ့။

၃။ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သဘောကျမယ့် ခပ်တုံးတုံးမိန်းမမဟုတ်ဘူး

ယောက်ျားတွေက မိန်းကလေးတွေကို ပြောနေကျ ခြူလုံးနှပ်လုံးတွေကို သင်သိနေတော့ ဒါမျိုးကို ရင်ခုန်မယ့်သူ မဟုတ်ဘူး။ ကိုယ့်ကို လာညာနေရင် သင်က ချက်ချင်းသိတယ်လေ။

၎။ ကိုယ်တစ်ယောက်တည်းလည်း ရပ်တည်နိုင်တယ်

မိဘအိမ်က ထွက်လာကတည်းက (ဒါမှမဟုတ်) လုပ်ငန်းခွင်ဝင်ကတည်းက ကိုယ့်ဘဝကိုယ် တည်ဆောက်ခဲ့တာ။ သင့်ဘဝမှာ ယောက်ျားတစ်ယောက်မရှိလည်း ဘာမှမဖြစ်ဘူးလေ။

၅။ ယောက်ျားတွေက သင့်ကို ကြောက်တယ်

သင်က ကိုယ့်ဘာသာရပ်တည်နိုင်သလို သူတို့ရဲ့ အလိမ်အညာတွေကိုလည်း ဖော်ထုတ်နိုင်သူလေ။ သူတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရတဲ့ မိန်းကလေးမျိုးမှ မဟုတ်ပဲ။

၆။ လေးနက်တဲ့စကားတွေ ပြောမရသူနဲ့ ဒိတ်မလုပ်ချင်ဘူး

ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လေးနက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးဖို့ဆိုတာ တော်ရုံ ဦးနှောက်ဉာဏ်ရည်နဲ့ မရနိုင်ဘူးလေ။ ကိုယ်နဲ့ စကားပြောလို့တောင် မရတဲ့သူကို ဘယ်လိုလုပ် တွဲမလဲ။

၇။ သင့်မှာ ထူးခြားတဲ့ စိတ်ဝင်စားမှုတွေ ရှိတယ်

သင့်ရဲ့ဉာဏ်ရည်က သာမန်ထက်မြင့်နေတဲ့အတွက် သာမန်သူတွေရဲ့ ဝါသနာမျိုး သင့်မှာ မရှိသလို သင့်ရဲ့ဝါသနာတွေကို သာမန်ယောက်ျားတစ်ယောက်က ဘယ်လိုမှ နားမလည်နိုင်ဘူး။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top