iMyanmarHouse.com - Best Property Website for Myanmar
×

သူက သင့်အသည်းကို ရက်ရက်စက်စက်ခွဲသွားတဲ့အတွက် သင်သူ့ကို မုန်းနိုင်ပါတယ်။ ဒါပေမဲ့ သင်အသည်းကွဲတာက မကောင်းဘူးလို့ ထင်နေသလား။ ဒီအချက်တွေကို စဉ်းစားကြည့်လိုက်ပါ။

၁။ သူ့ရဲ့စိတ်ရင်း အစစ်အမှန်ကို သိလိုက်ပြီ

ရည်းစားဘဝမှာ သူ တောက်လျှောက်လိမ်ခဲ့သမျှ အခု သူဘာလဲဆိုတာ သင်သိလိုက်ပြီလေ။ သူဟာ သင်ထင်တဲ့သူမျိုးမဟုတ်တဲ့အတွက် ဝမ်းနည်းစရာပေမဲ့ သူလှည့်စားနေတာတွေကို သင်သိခွင့်ရလိုက်ပြီ။

၂။ သင့်ရဲ့ အကောင်းဆုံးနေ့ရက်တွေ ရောက်မလာသေးဘူး

သင့်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံးနေ့ရက်တွေကို ဖန်တီးပေးမယ့်သူဆီရောက်ဖို့ ခြေတစ်လှမ်းနီးကပ်သွားပါပြီ။ သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အတွက် သင့်ရဲ့လှပတဲ့အနာဂတ်ကို လွတ်လွတ်လပ်လပ် ရှာဖွေနိုင်သွားပြီ။

၃။ သင့်ရဲ့ဇာတ်လမ်းက မပြီးသေးဘူး

သူဟာ မကောင်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် ယောက်ျားတိုင်း ဒီလိုပဲလို့ မတွေးလိုက်ပါနဲ့။  သင့်မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့သူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး။

၎။ ဘဝလက်တွဲဖော်မဟုတ်တဲ့သူနဲ့ သင်အတူရှိမနေတော့ဘူး

သင့်ရဲ့ လက်တွဲဖော်အစစ်အမှန်မဟုတ်တဲ့သူနဲ့ သင်ဘယ်လောက်နှစ်တွေကြာကြာ ထပ်မံကုန်ဆုံးသွားနိုင်လဲ ဆိုတာ စဉ်းစားကြည့်ပါ။ အခုလို သူနဲ့ ပြတ်ပြတ်သားသားလမ်းခွဲလိုက်တဲ့အတွက် သင့်ရဲ့အချိန်တွေ နောက်ထပ် ပြုန်းတီးမကုန်တော့ပါဘူး။ သင်နဲ့ တကယ်သင့်တော်သူကို ရှာဖွေနိုင်ပြီလေ။ ဘဝတိုတိုလေးမှာ သင်နဲ့ ထာဝရလက်မတွဲနိုင်တဲ့ ယောက်ျားတစ်ယောက်အကြောင်းကို စဉ်းစားပြီး ဘာလို့ အချိန်ဖြုန်းနေမှာလဲ။

၅။ သင်က ဘယ်လိုလူလဲ၊ သင်ဘာလိုချင်တာလဲဆိုတာ သိလာလိမ့်မယ်

အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခုကနေ သင်ခန်းစာတွေ အများကြီးရပါတယ်။ အခုဆိုရင် လူတစ်ယောက်နဲ့ ပတ်သက်ပြီး သင်ဘာကို သဘောကျတယ်၊ ဘာကိုသဘောမကျဘူး၊ သင်ဖြစ်ချင်တာ ဘယ်လိုဆိုတာကို ကောင်းကောင်းနာလည်သွားပါလိမ့်မယ်။

၆။ သူနဲ့ အတူတကွနေဖို့ ဆုံးဖြတ်ခဲ့ရင် သင် ပျော်ရွှင်ရမှာမဟုတ်ဘူး

ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်သူ ဒါမှမဟုတ် ကိုယ့်အပေါ် တကယ်မကြင်နာသူနဲ့သာ သင့်ဘဝကို ထူထောင်မိခဲ့ရင် သင်ဘယ်တော့မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာမဟုတ်ပါဘူး။ သင့်ဘဝမှာ ဖြစ်နေတဲ့ အဆိပ်အတောက်ကို သင်ဖယ်ရှားလိုက်တာပါ။ အခုဆိုရင် သင်ဟာ လွတ်လပ်သွားပါပြီ။ အခုချိန်မှာ ခံစားရပေမဲ့ တချိန်မှာ သူနဲ့ အတူရှိနေစဉ်ကထက် အများကြီး ပျော်စရာကောင်းတဲ့အချိန်တွေကို သင်ပိုင်ဆိုင်ရတော့မှာပါ။

၇။ အဆုံးသတ်ကို ကြောက်မနေရတော့ဘူး

သူနဲ့ လမ်းခွဲတော့မယ်လို့ ဆုံးဖြတ်ချိန်မှာ တစ်ယောက်တည်းဖြစ်ရမှာကို သင် အရမ်းကြောက်ခဲ့တယ်။ အခု တကယ် တစ်ယောက်တည်း ဖြစ်သွားတဲ့အခါ တစ်ကိုယ်တည်း ဘဝက ထင်သလောက် မဆိုးဘူးဆိုတာ သင်သိလာတယ်။ လွတ်လပ်မှုရဲ့ အရသာကို အပြည့်အဝ သင်ခံစားရပြီ။ အမြဲတမ်း ပျော်စရာကောင်းမနေတဲ့ အချစ်ရေးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ တစ်ကိုယ်တည်းဘဝကို ဘာလို့ ကြောက်ရွံ့ခဲ့မိပါလိမ့်လို့ တွေးမိလာမယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top