iMyanmarHouse.com - Best Property Website for Myanmar
×

အမြင်အာရုံ အားနည်းတဲ့သူတွေသာလျှင် မျက်စိအားကောင်းခြင်းရဲ့ တန်ဖိုးကို နားလည်သိရှိကြတာဖြစ်ပါတယ်။ မျက်စိအမြင်အာရုံ ပြဿနာဟာ လုပ်ဆောင်မှုတွေနဲ့ အခွင့်အရေးကောင်းတွေကိုတောင် ဆုံးရှုံးစေနိုင်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ အရွယ်ရောက်ပြီးသူ ၄ ယောက်မှာ ၃ ယောက်ဟာ မျက်မှန်တပ်ဖို့ လိုအပ်နေကြပါတယ်။

ဒါကြောင့် အမြင်အာရုံ ကောင်းမွန်စေပြီး မျက်လုံးကျန်းမာရေးအတွက် အကျိုးရှိစေပြီး ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့ နေ့စဉ်စားသောက်မှု ပုံစံတွေထဲကနေပဲ ပြုပြင်စားသုံးနိုင်ပါတယ်။

ငါး

အဆီများများပါတဲ့ ငါးတွေမှာ အိုမီဂါ-၃ ဖက်တီအက်ဆစ်တွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်သာမက မျက်စိအမြင်အာရုံအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

မုန်လာဥနီ

အခြေခံအားဖြင့် မုန်လာဥနီလို အ၀ါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအရွက် သစ်သီးဝလံတွေဟာ ကာရိုတီနွိုက်လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးနိုင်တဲ့ အာဟာရတွေ အပြည့်အ၀ပါဝင်တာကြောင့် မျက်စိကို ခရမ်းလွန်ရောင်ခြည်ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပါတယ်။



ကြက်ဥ၊ဘဲဥ စတဲ့အစားအသောက်တွေမှာ လူတိန်းဓါတ်နဲ့ ဗိုက်တာမင်အေလို ဗိုက်တာမင်တွေနဲ့ အာဟာရဓါတ်တွေ ပြည့်ဝနေတာကြောင့် မျက်လုံးခြောက်သွေ့မှုတွေနဲ့ ညဘက်အမှောင်ထဲမှာ အမြင်တွေမှုန်ဝါးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Credit: ThitHtooLwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top