iMyanmarHouse.com - Best Property Website for Myanmar
×

စုံတွဲတစ်တွဲကိုကြည့်ပြီး တစ်ချိန်လုံး သူတို့ရန်မဖြစ်ဘဲ ဘယ်လိုများ ပျော်အောင်နေကြလဲ မသိဘူးဆိုပြီး တွေးမိဘူးပါသလား။ သူတို့ရဲ့ လျှို့ဝှက်ချက်ကိုရော သိချင်မိပါသလား။ ကိုယ်ကတော့ အမြဲ ချစ်သူနဲ့ ရန်ဖြစ်နေရတဲ့ ဆက်ဆံရေးမျိုးဖြစ်နေမယ်ဆိုရင်တော့ သူတို့လို အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး ရနိုင်ဖို့ သူတို့ရဲ့ လျှို့ဝှက်ချက်လေးတွေကို သိချင်နေမှာပါ။ ဒီအချက်လေးတွေကိုသတိပြုမိပြီး သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးကို ပြန်ပြီး ဆင်ခြင်နိုင်အောင် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

-သူတို့က အချင်းအချင်း ဦးစားပေးတယ်

ဘဝမှာ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ ရှိဖို့၊ဒီရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်ဖို့  အရေးကြီးတာမှန်ပေမဲ့  ပျော်ရွှင်တဲ့စုံတွဲတွေက သူတို့ချစ်သူတွေကလည်း သူတို့ဘဝရဲ့ အရေးပါတဲ့ မျှော်လင့်ချက်တစ်ခုလို သဘောထားပြီး ဦးစားပေးကြလေ့ရှိပါတယ်။ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးဆိုတာကလည်း ဘဝရဲ့ တခြားအရာတွေလိုပဲ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ရတယ်ဆိုတာ နားလည်သူတိုင်းအတွက် ချစ်တဲ့သူအတွက် အချိန်ပေးဖို့ဆိုတာ အပိုအလုပ်တစ်ခုလို့ မယူဆကြပါဘူး။

-အချင်းချင်း ချီးကျုးနှစ်သိမ့်တတ်ကြတယ်။

ချီးမွမ်းစကားဆိုတာကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။ကိုယ်ချစ်တဲ့သူက အလေးပေး ချီးမွမ်းတာဆိုရင်တော့ ဘာနဲ့မှ မတူတဲ့ ခံစားချက်မျိုး ခံစားရတတ်ပါတယ်။ ကိုယ့်အပေါ်သူလုပ်ပေးလိုက်တဲ့ အလိုက်သိတတ်မှုလေးတွေ၊ ကိုယ်ချင်းစာနာမှုလေးတွေ၊ချစ်ခင်ကြင်နာမှုလေးတွေပေးတဲ့အခါတိုင်း  လေးလေးနက်နက် အသိအမှတ်ပြုလိုက်ပါ။

-ခွင့်လွှတ်နိုင်ဖို့ကို အရင်စဉ်းစားကြတယ်။

ဘယ်စုံတွဲမှာ မဆို ပြဿနာ အနည်းနဲ့ အများ ဖြစ်လေ့ရှိပါတယ်။ပြဿနာကို ကိုင်တွယ် ဖြေရှင်းပုံခြင်းမတူလို့ ပြဿနာတစ်ခုရဲ့ ပြင်းအား၊ကြာချိန်နဲ့ အတိမ်အနက် ကွဲပြားသွားရတာ ဖြစ်ပါတယ်။ ဒေါသကို လက်ကိုင်ထားပြီး ဖြေရှင်းလေ့ရှိရင်တော့ ပိုပြီး ပြဿနာ ကြီးးထွားလာစေတတ်ပါတယ်။ ပျော်ရွှင်ရတဲ့ စုံတွဲတွေဆိုတာ အရင်ဆုံး ခွင့်လွှတ်ပေးလိုက်ပြီး စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်အောင် အလေ့အကျင့် လုပ်ထားတဲ့သူတွေပဲ ဖြစ်ပါတယ်။

-အချစ်ကို ပြဖို့ ဝန်မလေးကြဘူး

ပျော်ရွှင်နေရတဲ့သူတွေဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့အကြောင်း သူသိအောင် စိတ်ခံစားမှု အရရော ၊အမူအရာနဲ့ပါ  ပြသတတ်တဲ့အတွက် ကိုယ့်ချစ်သူက အမြဲ ယုံကြည်စိတ်ချပြီး လုံခြုံနေသလို ခံစားရပါတယ်။ ယုံကြည်မှုဆိုတာ ပြဿနာ အတော်များများကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဆေးတစ်မျိုးနဲ့ တူပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူကို စိတ်ရင်းအမှန်လေးနဲ့ ဂရုစိုက် ကြင်နာပြဖို့ဆိုတာ ချစ်တဲ့သူတိုင်းရဲ့ တာဝန် တစ်ခုဖြစ်ပါတယ်။

-ပွင့်လင်း ရိုးသားကြတယ်

ချစ်တဲ့သူအပေါ်မှာ လိမ်ညာ ထိန်ချန်ထားမှု ဘာမှ မရှိတတ်ဘဲ အရိုးသားဆုံး ဆက်ဆံတတ်တာ ပျော်ရွှင်ခြင်းရဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ အချင်းချင်း ဝေဖန်အကြံပေးတတ်တယ် ၊ ထိန်ချန်ထားတာ မရှိဘဲ ခံစားချက်တွေကို ဖလှယ်တတ်တယ်။ ဖြေရှင်းစရာရှိတာကို  ပွင့်ပွင့်လင်းလင်း ရှင်းလေ့ရှိတဲ့အတွက် ပြဿနာက ကြာရှည်ဖြစ်မနေဘဲ ပျော်ရွှင်တဲ့ စုံတွဲတွေ ဖြစ်ကြခြင်း ဖြစ်ပါတယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top