iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူမရှိသေးချိန်မှာ သူငယ်ချင်းတွေက အဖော်ပြုပေးနိုင်သလို ချစ်သူရှိသွားတဲ့အခါမှာလည်း သူငယ်ချင်းကောင်း ဆိုတာ သင့်ရဲ့အချစ်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပဲ။

၁။ အရမ်းလိုအပ်တဲ့  အကြံဉာဏ်တွေ ပေးနိုင်တယ်

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အရာတစ်ခုကို မသေချာတဲ့အခါမျိုးပဲဖြစ်ဖြစ် ချစ်သူနဲ့ တွေ့ဖို့ အဝတ်အစား ရွေးချယ်ရ ခက်နေတာမျိုးလို အသေးအဖွဲကိစ္စလေးပဲဖြစ်ဖြစ် သူငယ်ချင်းတွေဆီက အကြံဉာဏ်တောင်းနိုင်ပါတယ်။

၂။ ချစ်သူနဲ့ ရန်ဖြစ်ထားချိန်မှာ စကားပြောဖော်အဖြစ် ရှိနေပေးတယ်

ချစ်သူနဲ့ ရန်ဖြစ်ထားတဲ့အချိန်မျိုးမှာ သူငယ်ချင်းတွေက သင်ရင်ဖွင့်တာကို နားထောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောလိမ့်မယ်။ အခင်ဆုံးသူငယ်ချင်းတွေက သင် ဘယ်အချိန်မှာ အမှန်တရားကို ကြားဖို့လိုအပ်တယ်၊ ဘယ်အချိန်မှာ ပေါက်ကွဲဖို့ လိုအပ်တယ်၊ ဘယ်အချိန်မှာ ငိုဖို့လိုအပ်တယ် ဆိုတာကို သိတယ်။

၃။ အမှားတွေ မလုပ်မိအောင် သူတို့က ထိန်းပေးတယ်

သင် အသည်းကွဲနေချိန်မှာ ဘယ်လောက်ထိ ယူကျုံးမရဖြစ်ခဲ့တယ်ဆိုတာ မှတ်မိတယ်။ အဲဒီလိုမျိုး သင်ထပ်ဖြစ်မှာ သူတို့ မမြင်ချင်ဘူး။ အဲဒီတော့ အဆက်ဟောင်းက သင့်ကို အတင်းပြန်ဆက်သွယ်လာတာမျိုး ဆိုရင် အဲဒီဒုက္ခတွင်းထဲ နောက်တစ်ကြိမ် သင်မဆင်းမိအောင် ကာကွယ်ပေးလိမ့်မယ်။

၎။ အကြောက်တရားတွေကို ရင်ဆိုင်နိုင်အောင် သူတို့က ကူညီပေးတယ်

အချစ်ဟာ ဆန်းကြယ်သလို ကြောက်စရာလည်း ကောင်းပါတယ်။ အတည်တကျ ရည်းစားထားဖို့ သင်အဆင်သင့်ဖြစ်နေပြီ ဆိုရင်တောင်မှ တစ်ကိုယ်တည်း အကြာကြီးနေလာခဲ့သူအဖို့ အဲဒီဘဝထဲကို ဝင်ဖို့ တွန့်ဆုတ်နေတတ်ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက သင့်ကို အကြောက်တရားတွေကနေ ကျော်ဖြတ်နိုင်အောင် ဖေးမပေးပါလိမ့်မယ်။

၅။ သင်အသည်းကွဲချိန်မှာ စိတ်သက်သာစေဖို့ သူတို့ရှိနေပေးတယ်

အတိအကျပြောရရင် ကိုယ်ချစ်ရတဲ့သူ မရှိတော့တဲ့အချိန်မှာ သူတို့တွေက ဝိုင်ပုလင်းတွေ၊ ချောကလက်တွေနဲ့အတူ သင့်ဘေးနားမှာ ရှိနေပေးပါလိမ့်မယ်။ သင်လုပ်ချင်တာကို စိတ်လွတ်လက်လွတ် လုပ်နိုင်အောင်လည်း ဘေးက အဖော်အဖြစ် လိုက်ပါလာပေးလိမ့်မယ်။

၆။ အရေးပါတဲ့ မှတ်တိုင်တွေကို သင်နဲ့အတူ ကျင်းပပေးလိမ့်မယ်

သင့်ရဲ့အချစ်ရေးမှာ မှတ်တိုင်တွေ အများကြီပါဝင်မှာပါ။ သင့်ရဲ့ပျော်စရာအချိန်တွေကို စည်စည်ကားကားဖြစ်အောင် သူတို့က ဝိုင်းဝန်းပံ့ပိုးပေးဦးမှာပါ။

၇။ သင့်ရဲ့အလှစစ်ကို အမြဲ သတိပေးမယ့်သူတွေ

အချစ်ရေးမှာ မသာယာမှုတွေကြောင့် သင့်ကိုယ်သင် ရုပ်ဆိုးအကျည်းတန်တယ်လို့ ထင်နေချိန်မှာ သင့်ရဲ့ တန်ဖိုးနဲ့ အလှစစ်ကို မမေ့အောင် သူငယ်ချင်းတွေက သင့်ကို ပြောပြပေးသွားမှာပါ။

 Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top