iMyanmarHouse.com - Best Property Website for Myanmar
×

ရွေးချယ်ရာ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် အလုပ်ကြိုးစားရမယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ဦးနှောက်မသုံးပဲ အလုပ်ကြိုးစားခြင်းဟာ အကျိုးသက်ရောက်မှု နည်းပါးပြီး အချည်းအနှီးဖြစ်နေတတ်ပါတယ်။

စမတ်ကျသူတွေကတော့ အလုပ်လုပ်တဲ့ နာရီပေါင်းများစွာ ကြာမြင့်တာကို ရှောင်ကျဉ်တက်ကြပါတယ်။ အလုပ်ကို ဘာကြောင့်လိုတာထပ် ပိုမလုပ်သင့်ဘူးလည်း ဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ အရည်အသွေး ကျဆင်းစေ

 လုပ်ငန်းခွင်မှာ သို့မဟုတ် အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ခြင်းဟာ အလုပ်ပြီးမြောက်မှုနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ ထွက်လာတဲ့ အရည်အသွေးကိုလည်း မတိုးတက်စေပါတယ်။

၂။ ရာထူးက နာရီနဲ့ မဆိုင်

သင်ရာထူးတက်ဖို့ဆိုတာ နာရီပေါင်း ဘယ်လောက်လုပ်ထားလဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ သင့်ရဲ့လုပ်အားက ဘယ်လောက်အကျိုးရှိလဲဆိုတာနဲ့သာ ဆိုင်ပါတယ်။ သင်ရဲ့ ဦးနှောက်ထက်မြက်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးကလည်း လိုပါသေးတယ်။

၃။ ဦးစားပေးရမည့် ကိစ္စများရှိခြင်း

 အလုပ်မှန်သမျှ အကုန်သိမ်းကြုံးလုပ်နေဖို့လည်း မလိုပါဘူး။ ဝါရန်ဘူဖေးပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ အရမ်းကိုအောင်မြင်နေတဲ့သူတွေက ကိစ္စအတော်များများကို ငြင်းပယ်လေ့ရှိတယ်ဆိုတဲ့ အချက်ပါပဲ။

၎။ တစ်ယောက်တည်းလုပ်တာ သဘောကျစရာမကောင်း

အဖွဲ့လိုက်မလုပ်ပဲ တစ်ယောက်တည်းလုပ်တတ်သူကို လုပ်ငန်းခွင်မှာ သဘောမကျတတ်ကြပါဘူး။ ဒါဟာ သူဌေးနဲ့ လုပ်ဖော်ဖက်တွေ သဘောမကျတဲ့ အချက်ဖြစ်ပါတယ်။

၅။ အကျိုးပြန်ရမှု နည်းပါးခြင်း

လုပ်ငန်းတစ်ခုကို လိုအပ်တာထက်ပိုပြီး အသေးစိတ် လုပ်တတ်တာဟာ အများအားဖြင့် အကျိုးသက်ရောက်မှု နည်းပါးလေ့ရှိပါတယ်။ ပေးလိုက်ရတဲ့ အချိန်တွေထက် ပြန်ရတာက ပြောလောက်စရာ မရှိပါဘူး။



Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top